Connect with us

Environment, Disasters & Accidents

တောင်သမန်အင်း သဘာဝအတိုင်း ထားရှိရန် အင်းရေများကို ဧရာဝတီ မြစ်အတွင်း ဖောက်ချမည်

တောင်သမန်အင်းအား တွေ့ရစဉ် (မြဝတီ)

ရန်ကုန်၊ မေ ၁၀ ရက် (ဆင်ဟွာ)

မန္တလေးတိုင်း ဒေသကြီး အမရပူရမြို့နယ်ရှိ တောင်သမန်အင်းကို ယခင်က ကဲ့သို့ သဘာဝအတိုင်း ထားရှိရေး အတွက် အင်းရေများကို ရေထိန်းတံခါး များမှတစ်ဆင့် ဧရာဝတီမြစ် အတွင်းသို့ ဖောက်ချရန် စီစဉ်ထားကြောင်း မန္တလေးတိုင်း ဒေသကြီး သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဝန်ကြီး ဦးမျိုးသစ် က ပြောသည်။

ယခုအခါ မန္တလေး မြို့တော် စည်ပင် သာယာရေး ကော်မတီမှ ရေထုတ်မြောင်း များကို စစ်ဆေး၍ သက်ဆိုင်ရာသို့ တင်ပြထားပြီး ဖြစ်ရာ ဖောက်ချမည့် အချိန်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနနှင့် ညှိနှိုင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း မန္တလေး မြို့တော် စည်ပင် သာယာရေး ကော်မတီမှ သိရသည်။

တောင်သမန်အင်း ၌ ယခင် ကတည်းက ရေရှိသည့် အချိန်တွင် တံငါလုပ်ငန်း လုပ်ကိုင်ကြပြီး ရေမရှိသည့် အချိန်တွင် စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်ခဲ့ကြရာ ယခုကဲ့သို့ ရေများ ဖောက်ချပြီးပါက ဒေသခံ တောင်သူများ အနေဖြင့် ယခင်အတိုင်း စပါးနှင့်ပဲ အမျိုးမျိုးတို့ကို ပြန်လည် စိုက်ပျိုးနိုင်မည် ဖြစ်ကြောင်း သိရသည်။

တောင်သမန်အင်း အတွင်းမှ ရေများ ထုတ်ပြီးပါက မိုးရာသီကာလ မရောက်မီ ရေမရှိ တော့သည့် အတွက် အင်းပတ်ဝန်းကျင်၌ ပိုမိုသန့်ရှင်း နေမည်ဖြစ်သည်။ ထို့ပြင် အင်း အတွင်းရှိ သဘာဝ အလှအပ များသည် ယခင် ကဲ့သို့ ပြောင်းလဲသွားမည် ဖြစ်ပြီး နိုင်ငံခြား ခရီးသွား ဧည့်သည်များကို ဆွဲဆောင် နိုင်မည် ဖြစ်ကြောင်း မြဝတီသ တင်းတွင် ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.