Connect with us

Environment, Disasters & Accidents

လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း ရက် ၁၀၀ စီမံကိန်းကို ချင်းပြည်နယ်တွင် စတင်လုပ်ဆောင်မည်

၂၀၁၅ ခုနှစ်က ရေဘေးဒဏ်သင့်နေသော စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၁၃ ရက် (ဆင်ဟွာ)

လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အနေဖြင့် လူမှုကာကွယ်စောင့် ရှောက်ရေးလုပ်ငန်း ရက် ၁၀၀ စီမံချက်ကို ချင်းပြည်နယ်တွင် စတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အဆိုပါ ဌာနမှ တရားဝင်ထုတ်ပြန်လိုက်သည်။

စစ်တမ်းများအရ ချင်းပြည်နယ်သည် ဆင်းရဲနွမ်းပါးမှု အများဆုံးပြည်နယ်ဖြစ်သည့် အတွက် လူမှုကာကွယ်စောင့်ရှောက်ရေး ကနဦးစီမံချက်ကိုချင်းပြည်နယ်တွင် စတင် လုပ်ဆောင် သွားမည်ဖြစ်သည်။
၂၀၁၅ ခုနှစ်အတွင်းက ပြည်နယ်ဒေသခံများအနေဖြင့် သဘာဝဘေးအန္တရာယ်ဒဏ်ကို အကြီးအကျယ် ခံစားခဲ့ရပြီး အကျိုးဆက် အဖြစ်လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုများ ရှိခဲ့သည့်အတွက် လူမှုရေးဝန်ဆောင်မှုများ ရရှိရန် ခက်ခဲ ခဲ့ရာ ကနဦးစီမံချက်ကို ချင်းပြည်နယ်မှ စတင်ပြုလုပ်ရခြင်း ဖြစ်သည်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အနေဖြင့် ပြည်သူ့ အတွက် ပထမ ရက် ၁၀၀ စီမံကိန်း ဦးစားပေးဆောင်ရွက်ရာတွင် ရေလွှမ်းမိုး ခံရနိုင်သည့် နေရာများ၊ ကျေးရွာများအတွက် ရွှေ့ပြောင်းနေထိုင်နိုင်ရေးနေရာများ ကြိုတင် သတ်မှတ်ထားပြီး သဘာဝဘေး အန္တရာယ်ကို အရေးပေါ် တုံ့ပြန်နိုင်ရန်နှင့် ကယ်ဆယ်ရေးလုပ်ငန်းများ လျင်လျင်မြန်မြန် ဆောင်ရွက်နိုင်ရေးအပါအဝင် သယ်ယူ ပို့ဆောင်ရေးကိစ္စများကိုပါ အဆင်ပြေစေရေး ဆောင်ရွက်မည်ဖြစ်သည်။

မြေပြိုမှု၊ ဆည်ကျိုးပေါက်မှု၊ မဖြစ်ပေါ်စေရေးအတွက် ရေပိုလွှဲထွက်ပေါက် အမြန်ဆုံး ဆောင်ရွက်သွားမည် ဖြစ်ပြီး မြေပြို ဆည်ကျိုး နိုင်သည့် အလားအလာများ တွေ့ရှိပါက ဘေးသင့်နိုင်သည့် ကျေးရွာများကို ကြိုးမဲ့ဆက်သွယ်ရေး စနစ်နှင့် ကြိုတင် အသိပေး နိုင်ရေးကို သက်ဆိုင်သည့်ဝန်ကြီးဌာနများနှင့် ပေါင်းစပ် ဆောင်ရွက် သွားမည်ဖြစ်သည်။

ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်၏ အကျိုးဆက်အဖြစ် သဘာဝဘေးအန္တရာယ်များအဖြစ် များလာပြီး ရေရှည်အတွက် စီစဉ်ဆောင်ရွက်ရာတွင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် လည်းပူး ပေါင်းဆောင်ရွက် သွားမည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်ရာတွင် ထိရောက်မှု ရှိစေရန် အရေးပေါ် စီမံခန့်ခွဲမှု ဗဟိုဌာန (Emergency Operation Center-EOC) မှာလည်း မရှိမဖြစ်လိုအပ်သဖြင့် (Emergency Operation Center-EOC) ကို အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

အဆိုပါရက် ၁၀၀ အတွင်း ယင်းအစီအမံများ ဆောင်ရွက်ခြင်းဖြင့် ပြည်သူလူထုအား ပိုမိုဘေးကင်း လုံခြုံစေခြင်း၊ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ ဖြစ်ခြင်း၊ သဘာဝဘေးအန္တရာယ်များကို ကြံ့ကြံ့ခံနိုင်ပြီးပျက်စီးဆုံးရှုံးမှု လျော့ကျစေနိုင် ခြင်း၊ ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုကိုအရည်အသွေးနှင့် လွှမ်းခြုံမှု မြှင့်တင်ခြင်းတို့ကို ပြုလုပ်နိုင်မည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.