Connect with us

Environment, Disasters & Accidents

ဖားကန့်၌ ပေါက်ကွဲမှု ၅ ကြိမ် ဖြစ်ပြီးနောက် လုံခြုံရေး တိုးမြှင့်

ဖားကန့်မြို့တွင်း တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ မေ ၉ ရက် (ဆင်ဟွာ)

ဖားကန့်မြို့နယ်၌ မေလ ၈ ရက်က တစ်နေ့အတွင်း ဗုံး ငါးကြိမ် ပေါက်ကွဲပြီးနောက် လုံခြုံရေးများ တိုးမြှင့်ထားကြောင်း ကချင်ပြည်နယ် အစိုးရ အဖွဲ့ထံမှ သိရသည်။

အဆိုပါ ပေါက်ကွဲမှုသည် မြန်မာ တပ်မတော် ခြေမြန် တပ်ရင်း ၄၂၄ ရှေ့၊ ရဲစခန်းဝင်းအနီး၊ ဥရု ရတနာ ကျောက်စိမ်းတောင် တံတား အဆင်းနှင့် အခြားနှစ်နေရာ၌ ပေါက်ကွဲမှု ဖြစ်ပွားပြီး ဒဏ်ရာ ရရှိသူ တစ်ဦးသာ ရှိကြောင်း သိရသည်။
“ မနက် ၇ နာရီကျော်မှာ ပထမဆုံး တစ်လုံး ပေါက်တာ၊ တစ်နေ့ထဲ ငါးကြိမ်တောင်၊ ခုတော့ နေရာအနှံ့ တပ်နဲ့ ရဲက လုံခြုံရေး ယူထားတယ်၊ ထပ်ပေါက် မလားဆိုပြီး လန့်နေကြတာ”ဟု ဒေသခံ တစ်ဦးက ဆိုသည်။
ဖားကန့်မြို့ အတွင်း ဗုံးများ ပေါက်ကွဲပြီးနောက် လုံခြုံရေးများ တိုးမြှင့် ချထားပြီး ပေါက်ကွဲရခြင်း အကြောင်းရင်းများ စစ်ဆေးလျက် ရှိကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.