Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံသည် ယခုနှစ်အတွင်း အယ်လ်နီညို ကာကွယ်ရေး အစီအမံများ စနစ်တကျ ချမှတ် ဆောင်ရွက်ရမည် ဟုဆို

အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပနေစဉ် (ဓာတ်ပုံ- MOI)

ရန်ကုန် ၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသည် ၂၀၁၆ ခုနှစ်အတွင်း အဆိုးရွားဆုံးသော ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ် အယ်လ်နီညို ရာသီဥတုကြောင့် အလွန်အမင်း မိုးခေါင်ခြင်း၊ ရေကြီးခြင်း တို့ ဖြစ်ပေါ်နိုင်သဖြင့် အယ်လ်နီညို ကာကွယ်ရေး အစီအမံများ စနစ်တကျ ချမှတ် ဆောင်ရွက်ရမည် ဖြစ်ကြောင်း အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုကော်မတီ ဥက္ကဋ္ဌ ၊ ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းက ပြောကြားခဲ့သည်။

ထို့အတူ နောက်ဆက်တွဲ ပြဿနာများ အဖြစ် အစာရေစာ ရှားပါး ပြတ်လပ်ခြင်း၊ ရောဂါဘယများ ကျရောက်ခြင်း၊ အပူရှိန်လွန်ကဲ ၍ တောမီးလောင် ခြင်း စသော ပြဿနာများနှင့် ရင်ဆိုင်ရလေ့ ရှိကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် နေရာဒေသ အလိုက် သဘာဝဘေး အန္တရာယ် လေ့လာ သုံးသပ် ကြိုတင်ပြင် ဆင်စီမံထားပြီး မိမိဒေသ၏ သဘာဝဘေး ကို ကြံ့ကြံ့ခံနိုင်စွမ်းနှင့် တုံ့ပြန် နိုင်စွမ်း ကို မြှင့်တင်ထား ရမည်ဖြစ်ကြောင်း ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းက နေပြည်တော်၌ ဒီဇင်ဘာလ ၆ ရက်တွင် ပြုလုပ်သော အမျိုးသား သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ရေလွှမ်းမိုးမှု ကာကွယ် ထိန်းချုပ်နိုင်ရန် အဓိက မြစ်ကြီး များတွင် ပြီးပြည့်စုံသည့် ဘက်စုံ ပါဝင် သော Water Basin စီမံခန့်ခွဲမှုနှင့် ဖွံ့ဖြိုးမှု အစီအမံများ ပြုလုပ်ခြင်း ၊ ရာသီအလိုက် ရေစီးဆင်းမှုကို ထိန်းညှိ နိုင်ရန် ရေထိန်းသိမ်းရေး အဖွဲ့များ ဖွဲ့စည်းပေးခြင်း ၊ မြစ်ကြောင်းများ အတွင်း ရေကြီးမှု ထိန်းချုပ်နိုင်မည့် တာတမံများ တည်ဆောက်ခြင်း၊ ပေါင်းစည်းမြစ် စီမံခန့်ခွဲမှု စနစ်များ တည်ဆောက်ခြင်း၊ သဘာဝ ပတ်ဝန်းကျင် ကာကွယ်မှု အားကောင်းစေခြင်း တို့ကို ဆောင်ရွက်နိုင်ရန် အတွက် မြစ်ဝှမ်းဒေသ အာဏာပိုင် ဆိုင်ရာ ဖွဲ့စည်းမှု ဥပဒေများ ရေးဆွဲပြီး ဥပဒေနှင့်အညီ မြစ်ဝှမ်းဒေသ အာဏာပိုင် အဖွဲ့အား ဖွဲ့စည်းနိုင်ရေး လုပ်ငန်းစဉ် တစ်ရပ်အနေဖြင့် ချမှတ်ထားရန် လိုအပ်ကြောင်း ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းက ပြောကြားခဲ့သည်။

သမိုင်း မှတ်တမ်းများအရ ၁၉၉၇-၁၉၉၈ ခုနှစ် အယ်လ်နီညို ရာသီဥတုကြောင့် မြို့ကြီး ၁၈ မြို့၌ အပူချိန် အမြင့်ဆုံး စံချိန်သစ်များ တင်ခဲ့ပြီး မြို့ကြီး ၁၅ မြို့တွင် မိုးရေချိန် အနည်းဆုံး စံချိန်သစ်များ တင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117