Connect with us

Environment, Disasters & Accidents

မွန်ပြည်နယ် မုဒုံ မြို့နယ်၌ မီးလောင်မှုကြောင့် လူနေအိမ် ၅ လုံး ဆုံးရှုံးကာ ၁ ဦး သေဆုံး

မုဒုံ မြို့ နယ် အတွင်း မီးလောင်မှုအား တွေ့ ရစဉ်(ဓာတ်ပုံ - Ministry of Home Affairs, Myanmar)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၉ ရက်(ဆင်ဟွာ)

မွန်ပြည်နယ် ၊ မုဒုံ မြို့နယ် အတွင်း မီးလောင်မှု ဖြစ်ပွားခဲ့ကာ လူနေအိမ် ၅ လုံး မီးလောင် ဆုံးရှုံးခဲ့ပြီး လူတစ်ဦး သေဆုံး ခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

အဆိုပါ ဖြစ်ရပ်တွင် မုဒုံမြို့နယ်၊ ကမာဝက်မြို့၊ ရပ်ကွက်(၂) နေ စိတ်မနှံ့သူတစ်ဦးက ဖေဖော်ဝါရီ ၈ ရက်တွင် ၎င်း၏နေအိမ် အပေါ်ထပ်၌ ဓါတ်ဆီ လောင်း၍ မီးရှို့မှုကြောင့် နေအိမ် ၅ လုံး မီးလောင်ကာ အဆိုပါ စိတ်မနှံ့သူသည် နေအိမ် အပေါ်ထပ်တွင် မီးလောင် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုစိတ်မနှံသူသည် အတူနေ မိခင် နှင့် အဒေါ်တို့ဈေးရောင်း သွားနေ၍ နေအိမ်၌ တစ်ဦးတည်းရှိနေစဉ် ဖြစ်ပွား ခဲ့ကြောင်း သိရှိရကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။ထိုမီးလောင်မှုအား ကမာဝက်နယ်မြေရဲစခန်းမှ အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။(Xinhua)