Connect with us

Environment, Disasters & Accidents

ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကင်ဆာဌာန၌ ဝါယာရှော့ဖြစ်ပြီး မီးလောင်မှုကြောင့် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူမရှိဟု ထုတ်ပြန်

ရန်ကုန်ပြည်သူ့ဆေးရုံကြီး မီးလောင်မှုအားတွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ)

ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကင်ဆာဌာန၌ သြဂုတ် ၁၃ရက် ညနေ ၆နာရီ ၄၃မိနစ်တွင် ဝါယာရှော့ဖြစ်ပြီး မီးလောင်မှုကြောင့် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ကင်ဆာရောဂါ ပြင်ပလူနာဌာန အသေးစားခွဲစိတ်ခန်းရှိ မီးခလုတ်ခုံ အပူလွန်ကဲရာမှ စတင်ပြီး မီးလောင်ကျွမ်းရာ မျက်နှာကြက်ရှိ သစ်သားတန်းများ၊ ဝါယာကြိုးများကို မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း၊ မီးလောင်မှုနှင့်ပတ်သက်၍ ပျက်စီးဆုံးရှုံးမှုတန်ဖိုးသည် ကျပ်၃၇၅၀၀၀ ရှိကြောင်း၊ ဓာတ်ရောင်ခြည်လုံခြုံမှုနှင့်ပတ်သက်၍ ထိခိုက်မှုမရှိ ကြောင်းလည်း ပညာရေးဝန်ကြီးဌာန၊ အဏုမြူစွမ်းအင်ဌာနမှ တာဝန်ရှိသူများ၏ စစ်ဆေးချက်အရ သိရှိရသည်။

အဆိုပါ မီးလောင်မှုကို မီးသတ်ဦးစီးဌာနက level 2ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ည ၇နာရီ ၄ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၇နာရီ ၁၀မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်အစိုးရအဖွဲ့ဝန်ကြီးများသည် ယနေ့နံနက် ၈နာရီတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိပြီး ဆေးရုံတာဝန်ရှိ ဆရာဝန်ကြီးများနှင့်တွေ့ဆုံကာ ဆေးရုံဝင်းအတွင်း သန့်ရှင်းသပ်ရပ်ရေး၊ အဆောက်အဦများကို ပြန်လည်မွမ်းမံ ပြင်ဆင်ဆောက်လုပ်ရေး၊ လူနာများနှင့် လူနာစောင့်များ အဆင်ပြေ နေထိုင်နိုင်ရေးတို့ အတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.