Connect with us

Environment, Disasters & Accidents

ရန်ကုန်-မန္တလေး အမြန်လမ်း ၁၀၅မိုင် ၂ဖာလုံတွင် ခရီးသည်တင်ယာဉ် တစ်စီး တိမ်းမှောက်

ရန်ကုန်-မန္တလေး အမြန်လမ်း ၁၀၅မိုင် ၂ဖာလုံတွင် တိမ်းမှောက် ခဲ့သည့် ခရီးသည်တင်ယာဉ် အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-Lwin Oo Facebook)

ရန်ကုန် ၊ သြဂုတ် ၁၀ ရက်(ဆင်ဟွာ)

ရန်ကုန်မြို့ မှ လားရှိုးမြို့သို့ ဦးတည်သွားသည့် ရွှေလီဦးယာဉ်လိုင်း မှ အမြန်ယာဉ် 4D/ 3075 သည် သြဂုတ်လ ၁၀ ရက်နေ့ ညနေ ၆နာရီ ၁၅ မိနစ်ခန့်က ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၁၀၅ မိုင် ၂ ဖာလုံ တွင် ကားတိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။

ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက် နေသော ရဲအုပ် ဝင်းထွန်းအောင် မှ ကားပေါ်တွင် ခရီးသည် (၃၆)ဦး ပါရှိကြောင်းနှင့် ယခုလက်ရှိ အချိန်တွင် ကျား(၃)ဦး၊ မ(၄)ဦး ပေါင်း(၇) သေဆုံး နေပြီ ဖြစ်ကြောင်း ကားထဲတွင် ပိတ်မိသေဆုံးနေ သူမှာ (၃) (၄)ဦးခန့်ရှိကြောင်းနှင့် ဒဏ်ရာရရှိသူများကို အနီးဆုံး ရှိ ဖြူ း ဆေးရုံသို့ ပို့ဆောင်ပေးလျက်ရှိကြောင်း ကနဦးသတင်း သိရှိ ရသည်။

ည(၇)နာရီ (၅၇)မိနစ်တွင် သေဆုံးသူ ကျား(၃)ဦး၊ မ(၄)ဦးဖြစ်ပြီး ကားထဲတွင် ပိတ်မိနေသော မ(၁)ဦးရှိကြောင်း ကားအား ကရိန်းဖြင့် မနေပြီ ဖြစ်ကြောင်းနှင့် ဖြူ း ပြည်သူ့ ဆေးရုံးသို့ ပို့လိုက်သော ဒဏ်ရာရသူများမှာ ကျား(၁၅) ဦးနှင့် မ(၁၀)ဦးဖြစ်ကြောင်း သိရှိရ သည်။ (Xinhua)