Connect with us

Environment, Disasters & Accidents

ရှမ်းပြည်နယ် မိုင်းပန်နှင့် လင်းခေးမြို့အနီး အင်အား ရစ်(ခ်)တာစကေး ၄ ဒသမ ၀ အဆင့်ရှိ ငလျင်တစ်ခု အပါအဝင် ငလျင် ၃ ကြိမ် လှုပ်ခတ် 

ရှမ်းပြည်နယ် မိုင်းပန်မြို့အနီး လှုပ်ခတ်သွားသော ရစ်(ခ်)တာစကေး (၄.၀)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်ဆိုင်ရာ အချက်အလက်များအား တွေ့ရစဉ်(ဓာတ်ပုံ - မိုး/ဇလ)

ရန်ကုန် ၊ ဩဂုတ် ၃ ရက်(ဆင်ဟွာ)

ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းပန် နှင့် လင်းခေးမြို့တို့ အနီး၌ ယနေ့ ဩဂုတ် ၃ ရက် နံနက်ပိုင်းတွင် အင်အားအနည်းငယ်ရှိသော မြေငလျင် ၃ ကြိမ် လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ၊ မြေငလျင် ဌာနခွဲထံမှ သိရသည်။ 

“မနက် ၂ နာရီ ၂၅ မိနစ်က တစ်ကြိမ် ၊ ၃ နာရီ ၄၄ မိနစ်မှာ တစ်ကြိမ် ၊ ၆ နာရီ ၁၁ မိနစ်မှာ တစ်ကြိမ် လှုပ်ခဲ့ပါတယ်။ ငလျင် နှစ်ခုကတော့ မိုင်းပန်နားနဲ့ နီးပါတယ်။ ငလျင် တစ်ခုက လင်းခေးနဲ့ နီးပါတယ်။  ငလျင် ၃ ခုလုံးကတော့ အနက် တိမ် ငလျင် အမျိုးအစားပါ။ ပုံအရဆိုရင်တော့ လူနေအိမ်တွေနဲ့ နည်းနည်းတော့ ဝေးပါတယ်။ တောင်ပေါ်ဒေသတွေ ဖြစ်နေလို့ပါ။သတိပြုခံစားမိတာတော့ သတင်းမရပါဘူး။”ဟု မြေငလျင် ဌာနခွဲမှ တာဝန်ရှိသူ တစ်ဦးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။ 

 အင်အားရစ်(ခ်)တာ စကေး ၃ ဒသမ ၉ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုသည် ယနေ့ မြန်မာစံတော်ချိန် (၀၂)နာရီ၊ (၂၅)မိနစ်၊ (၄၂)စက္ကန့် အချိန်တွင် နမ့်စန်မြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၄၉)မိုင် ခန့်ကွာဝေးသော၊ မြန်မာနိုင်ငံ ပြည်တွင်း (မိုင်းပန်မြို့၏ မြောက်-အရှေ့မြောက်ဘက် (၁၅)မိုင် ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၀.၅၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၈.၄၃)ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်သွားခဲ့ကြောင်း သိရသည်။ 

အင်အား ရစ်(ခ်)တာစကေး ၃ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုသည် ယနေ့ မြန်မာစံတော်ချိန် (၀၃) နာရီ၊ (၄၄) မိနစ်၊ (၂၉)စက္ကန့် အချိန်တွင် နမ့်စန်မြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် (၂၆)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (လင်းခေးမြို့၏အနောက်မြောက်ဘက်(၂၃)မိုင်ခန့်အကွာ)၊မြောက်လတ္တီတွဒ် (၂၀.၅၂)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်(၉၇.၇၀)ဒီဂရီ၊ အနက်(၈)ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်သွားခဲ့သည်။ 

အင်အား ရစ်(ခ်)တာစကေး ၄ ဒသမ ၀ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုသည် ယနေ့မြန်မာစံတော်ချိန် (၀၆) နာရီ၊ (၁၁) မိနစ်၊ (၂၈)စက္ကန့် အချိန်တွင် နမ့်စန်မြေငလျင်စခန်းမှ အရှေ့-အရှေ့တောင်ဘက် (၄၁)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မိုင်းပန်မြို့၏ မြောက်ဘက်(၂၆)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၀.၇၀)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်(၉၈.၃၈)ဒီဂရီ၊ အနက်(၁၂)ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်သွားခဲ့ကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.