Connect with us

Environment, Disasters & Accidents

အင်းယားကန်အတွင်း ရေနစ်ပျောက်ဆုံးသူ ရုပ်အလောင်း ရှာဖွေ တွေ့ရှိ

အင်းယားကန် အတွင်း ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်မှုများအား တွေ့ ရစဉ်(ဓာတ်ပုံ-Myanmar Fire Services Department )

ရန်ကုန် ၊ ဇူလိုင် ၂ ရက်(ဆင်ဟွာ)

အင်းယားကန် အတွင်း ဇူလိုင် ၁ ရက်တွင် ရေနစ်ပျောက်ဆုံးခဲ့သူ၏ ရုပ်အလောင်းအား ယနေ့ဇူလိုင် ၂ ရက် နံနက်ပိုင်းတွင် ရှာဖွေ တွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးတပ် ဦးစီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ရေနစ်သွားခဲ့သူမှာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ၊ အုတ်တွင်းမြို့နယ် ၊ ဥယျာဉ်တော် ကျေးရွာ၌ နေထိုင်သူ အမျိုးသား တစ်ဦး ဖြစ်ပြီး သူငယ်ချင်းများနှင့်အတူ အင်းယားကန်သို့ လာရောက် လည်ပတ်စဉ် ဖိနပ် ရေထဲ ကျသွားသဖြင့် လိုက်လံဆယ်ယူရာမှ ရေနစ်ပျောက်ဆုံး သွားခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်ခဲ့မှု အရ သိရသည်။

အင်းယားကန် အတွင်း ရေနစ်ပျောက်ဆုံးကြောင်း ဇူလိုင် ၁ ရက် မွန်းလွဲ ၃ နာရီခွဲ အချိန်ခန့်တွင် သတင်း ရရှိသဖြင့် စမ်းချောင်းမြို့နယ် ၊ လှိုင်မြို့နယ် မီးသတ်စခန်းများမှ ကယ်ဆယ်ရေးယာဉ်များ ၊ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။(Xinhua)