Connect with us

Culture & Entertainment

တေးသံသွင်းလုပ်ငန်းလုပ်ကိုင်သူများအား တေးသံသွင်းလုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်အသစ်ပြုလုပ်ရန် နှင့် သက်တမ်းတိုးလဲလှယ်ရန် ကြေညာချက်ထုတ်ပြန်

ပြန်ကြားရေးဝန်ကြီးဌာန၏ ကြေညာချက်အားတွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ မေ ၁၄ ရက် (ဆင်ဟွာ)

တေးသံသွင်းလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် တေးသံသွင်းလုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်အသစ်ပြုလုပ်ရန် နှင့် သက်တမ်းတိုးလဲလှယ်ရန် အသိပေးကြေညာချက်အား ပြန်ကြားရေးဝန်ကြီးဌာနမှ ယနေ့ မေ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ ဂီတအစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့ အစည်းအရုံးအနေနဲ့ ပြန်ကြားရေးဝန်ကြီး ဌာနမှာ သက်တမ်းတိုးဖို့ ထောက်ခံချက်လိုအပ်ရင် ထောက်ခံချက် ထုတ်ပေးသွားမှာပါ’’ ဟု ဆင်ဟွာသို့ ယနေ့ မေ ၁၄ ရက်တွင်ပြောသည်။

ပြန်ကြာရေးဝန်ကြီးဌာနသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၄ ပုဒ်မခွဲ (ဂ) အရ အပ်နှင်းသော လုပ်ပိုင်ခွင့်များအားကျင့်သုံး၍ ၂၀၂၁ ခုနှစ် မတ် ၃၀ ရက်တွင် တေးသံသွင်းလုပ်ငန်း လုပ်ကိုင်ခွင့်အမိန့်၊ အမိန့်အမှတ် (၂/၂၀၂၁) ဖြင့် တေးသံသွင်းလုပ်ငန်း လုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်များအား ၁ နှစ်သက်တမ်းဖြင့် ခွင့်ပြုပေးလျက်ရှိကြောင်း အသိပေးကြေညာချက်တွင် ဖော်ပြထားသည်။

မှတ်ပုံတင်လက်မှတ် သက်တမ်းကုန်ဆုံးပါက တေးသံသွင်းလုပ်ငန်း လုပ်ကိုင်ခွင့်အမိန့် အခန်း (၂)၊ အပိုဒ် ၁၁ နှင့် ၁၂ အရ သက်တမ်းကုန်ဆုံးသည့်ရက်မှစ၍ ရက်ပေါင်း ၃၀ ကြိုတင်ပြီး သတ်မှတ်ပုံစံနှင့်အတူ မှတ်ပုံတင်ကြေး ၅၀၀၀ ကျပ်တိတိပေးသွင်း၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းဖြစ်ပါက ပြန်ကြားရေးဝန်ကြီးဌာန ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲသို့လည်းကောင်း၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း ဖြစ်ပါက သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများမှတစ်ဆင့် ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲသို့လည်းကောင်း၊ ဆက်သွယ်၍ တေးသံသွင်းလုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်သက်တမ်းတိုးခြင်းများဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

သက်တမ်းကုန်လွန်သော လုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ်များဖြင့် လုပ်ငန်းဆက်လက်လုပ်ကိုင်ခွင့်မရှိကြောင်း၊ သက်တမ်းကုန်ဆုံးပြီး လုပ်ငန်းဆက်လက်လုပ်ကိုင်ပါက တေးသံသွင်းလုပ်ငန်း လုပ်ကိုင်ခွင့်အမိန့်အရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပေးကြေညာချက်တွင် ဖော်ပြထားသည်။ (Xinhua)