Connect with us

Culture & Entertainment

မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် စတင်ကျင်းပ

ရန်ကုန် မြို့တော် မဟာသင်္ကြန် မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားမြင်ကွင်းများကို ဧပြီလ ၁၃ ရက် နံနက်ပိုင်းကတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ)
မြန်မာ့ရိုးရာအတာသင်္ကြန်ရေပွဲတော်ကို နိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ဧပြီ ၁၃ ရက် နံနက်ပိုင်းက စတင်ကျင်းပခဲ့သည်။
မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲ အခမ်းအနားကို အရောင်အသွေးစုံလင်လှသည့်ဝတ်စုံများဖြင့် ယိမ်းအကအဖွဲ့များက ကပြဖျော်ဖြေခဲ့ကြသည်။ ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကို ဧပြီလ ၁၆ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ဧပြီလ ၁၇ ရက်နေ့မှာမူ မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်ပြီး မြန်မာသက္ကရာဇ်အရ နှစ်သစ်သို့ ကူးပြောင်းမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်မဏ္ဍပ် (မြောက်ဒဂုံ) ၏ ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့မြင်ကွင်းများ (ဆင်ဟွာ)

မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်မဏ္ဍပ် (မြောက်ဒဂုံ) ၏ ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့မြင်ကွင်းများ (ဆင်ဟွာ)

မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်မဏ္ဍပ် (မြောက်ဒဂုံ) ၏ ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့မြင်ကွင်းများ (ဆင်ဟွာ)

မဟာသင်္ကြန်ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ရှိ မြို့တော်ဝန်မဏ္ဍပ်တွင် ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ပျော်ရွှင်ဖွယ်ရာ သင်္ကြန်ပွဲတော်ဖြစ်ပါစေကြောင်းနှင့် နှစ်သစ်မှာကျန်းမာ ချမ်းသာပါစေကြောင်း နှစ်သစ် ဆုတောင်းစကားပြောကြားခဲ့သည်။
ရန်ကုန်မြို့တွင်လည်း သက်ဆိုင်ရာ မြို့နယ်အလိုက် ရေကစားမဏ္ဍပ်များ မှ ရေပက်ကစားလျက်ရှိကြောင်း သိရသည်။ မဏ္ဍပ်များတွင် သင်္ကြန်အကအစီအစဉ်များ၊ဖျော်ဖြေရေး အစီအစဉ်များ ပါဝင်ကြောင်း သိရသည်။

မြောက်ဒဂုံမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဝင်းက မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်မဏ္ဍပ် (မြောက်ဒဂုံ) ဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်၍ “မြောက်ဒဂုံ မှာတော့ ဗဟိုမဏ္ဍပ်က ပြည်ထောင်စုလမ်းပေါ်က ဒီမဏ္ဍပ်ပေါ့။ မဏ္ဍပ်ကို မနက် ၇ နာရီ ကနေ ညနေ ၆ နာရီ အထိ သင်္ကြန်တတွင်းလုံးဖွင့်လှစ်သွားမှာပါ။ လူပရိသတ်တွေအပေါ်မူတည်ပြီး ဖျော်ဖြေရေးအချိန်ကိုတော့ တိုးမြှင့်သွားဖို့ရှိပါတယ်။ ရေမပြတ်အောင်လည်းစီစဉ်ထားပြီး လုံခြုံရေး အင်အားလူ ၇၀ နဲ့ ဆောင်ရွက်နေပါတယ်။ မြောက်ဒဂုံမဏ္ဍပ်မှာ ရေပတ်ချင်သူတွေလည်း လာရောက် ရေကစားဖို့ဖိတ်ခေါ်ပါတယ်’’ ဟု ဆင်ဟွာကို ဧပြီ ၁၃ ရက်တွင် ပြောသည်။
ရှမ်းပြည်နယ် အင်းလေးကန်ရှိ အချို့မြို့များတွင် လမ်းလျှောက်သင်္ကြန်ပွဲတော်နှင့် ရေပေါ်သင်္ကြန်စသည့် အထူးအခမ်းအနားအစီအစဉ်များကို ၂၀၂၃ ခုနှစ် သင်္ကြန်ပွဲတော်တွင် ထည့်သွင်းကျင်းပခဲ့သည်။

မြန်မာ့ရိုးရာ ၁၂ လရာသီ ပွဲတော်များအနက် သင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝန်း ကြီးကျယ်ခမ်းနားစွာ ကျင်းပလေ့ရှိပြီး ရေပက်ကစားခြင်း၊ စတုဒိသာကျွေးမွေးခြင်း၊ လူကြီးမိဘများကို ခေါင်းလျှော်ပေးခြင်း၊ လက်သည်း၊ ခြေသည်းညှပ်ပေးခြင်း အပါအဝင် ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.