Connect with us

Politics, Law & Military

ကျောက်မျက်ရတနာ ရောင်းရငွေတွင် ရတနာခွန်အပြင် ကုန်သွယ်လုပ်ငန်းခွန်နှင့် ဝင်ငွေခွန်တို့ကို ဖြေလျှော့ပေးရန် တောင်းဆိုထား

နေပြည်တော်တွင် ကျင်းပသော(၅၂) ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာပြပွဲ (ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

ယခုနှစ်မှ စတင်၍ ကျောက်မျက်ရတနာ ရောင်းရငွေတွင် ရတနာခွန် အပြင် ကုန်သွယ်လုပ်ငန်းခွန်နှင့် ဝင်ငွေ ခွန်များကိုပါ ဖြည့်စွက် ပြဌာန်းလိုက်သည့် ၂၀၁၅ ပြည်ထောင်စု အခွန်အကောက် ဥပဒေအရ ပေးဆောင်ရမည် ဖြစ်သောကြောင့် လွှတ်တော်နှင့် တာဝန်ရှိသူများထံ ယင်းကိစ္စကို လျှော့ချ ပယ်ဖျက်ပေးရန် တင်ပြထားကြောင်း သိရသည်။

“အဲဒီကိစ္စကို လွှတ်တော်နဲ့လူကြီးတွေကို ပြန်တင်ပြထားတယ်။ ရတနာခွန်ဖြစ်ဖြစ် ၊ ကုန်သွယ်ခွန်ဖြစ်ဖြစ် တစ်ခုခုကို ပယ်ဖျက်ပေးဖို့၊ လျှော့ပေးဖို့ပြောထားတုန်း ရှိပါသေးတယ်။ လျှော့မယ်ဆိုရင် ပိုကောင်းတာပေါ့။ မဟုတ်ရင် ရတနာခွန်နဲ့ကုန်သွယ်ခွန်က (၂၅) ရာခိုင်နှုန်းကြီးကတော့ များပါတယ်။”ဟု မြန်မာနိုင်ငံ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူ တစ်ဦးက ဆင်ဟွာသို့ပြောသည်။

ယခင်နှစ်များတွင် မြန်မာ့ ကျောက်မျက်ရတနာ ဥပဒေအရ ရတနာခွန် ထမ်းဆောင်ပြီးပါက တခြားအခွန်များ ပေးဆောင်ရန် မလိုအပ်သော်လည်း ၂၀၁၅ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေတွင် ဖြည့်စွက် ပြဌာန်းလိုက်သည့် ပုဒ်မ ၃၆ အရ ရတနာခွန် ထမ်းဆောင်ပြီးသော်လည်း ကုန်သွယ် လုပ်ငန်းခွန်နှင့် ဝင်ငွေခွန်ပါ ထမ်းဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

၂၀၁၅ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပုဒ်မ (၃၆) တွင် မြန်မာ့ ကျောက်မျက်ရတနာ ဥပဒေတွင် မည်သို့ပင် ပြဌာန်းပါရှိစေကာမူ ကျောက်စိမ်း ၊ ပတ္တမြား ၊ နီလာ ၊ မြ ၊ စိန်နှင့် အခြားအဖိုးတန် ကျောက်မျက်ရတနာ အရိုင်းထည်များ တူးဖော် ထုတ်လုပ်ခြင်း ၊ ကျောက်မျက်ရတနာ အချောထည်များ ၊ လက်ဝတ် ရတနာများ ထုတ်လုပ်ခြင်း ၊ ဝယ်ယူ ရောင်းချခြင်း လုပ်ငန်းတို့သည် (က) ကျောက်မျက်ရတနာ သို့မဟုတ် လက်ဝတ် ရတနာများကို ကျပ်ဖြင့် ဖြစ်စေ ၊ နိုင်ငံခြားငွေဖြင့် ဖြစ်စေ ရောင်းချရရှိသည့် ရောင်းရငွေအပေါ်တွင် ဤဥပဒေ ပုဒ်မ ၁၁ ၊ ပုဒ်မခွဲ (ခ) နှင့် ပုဒ်မ ၁၄ တို ပါ အခွန်နှုန်းများ အတိုင်း ကုန်သွယ် လုပ်ငန်းခွန် ထမ်းဆောင်ရမည်။ (ခ) ပုဒ်မခွဲ (က) ပါ ပြဌာန်းချက်သည် မစည်းကြပ်ထိုက်သည့် ရောင်းရ ငွေပမာဏ သတ်မှတ်ခြင်းနှင့် သက်ဆိုင်ခြင်း မရှိစေရ။ (ဂ) ဝင်ငွေနှစ်အတွင်း ရရှိသည့် စုစုပေါင်း အသားတင် အမြတ်ဝင်ငွေ အပေါ်တွင် ဤဥပဒေပါ ဝင်ငွေခွန် နှုန်းထားများ အတိုင်း ဝင်ငွေခွန် ထမ်းဆောင်ရမည်ဟု ဖော်ပြပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.