Connect with us

Politics, Law & Military

ကျောက်မျက်ရတနာ ရောင်းချမှုအပေါ် အခွန်လျော့ချမည်

နေပြည်တော်တွင် ကျင်းပသောကျောက်စိမ်းအရောင်းပြပွဲအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

နေပြည်တော်တွင် ကျင်းပသောကျောက်စိမ်းအရောင်းပြပွဲအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)

ယနေ့ထုတ်ပြန် လိုက်သော ၂၀၁၅ ပြည်ထောင်စု အခွန်အကောက် ဥပဒေကြမ်းတွင် ကျောက်မျက်ရတနာ ရောင်းချမှုအပေါ် အခွန်လျော့ချ ကောက်ခံမည် ဖြစ်ကြောင်း ထည့်သွင်း ရေးဆွဲထား သည်။

ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ မြ၊ စိန် နှင့် အခြားအဖိုးတန် ကျောက်မျက်ရတနာနှင့် ကျောက်အရိုင်းထည်များအပေါ် ယခင် အခွန် ၃၀ ရာခိုင်နှုန်းကောက်ခံရာမှ ယခု ၁၅ ရာခိုင်နှုန်း အခွန်ကောက် ခံပြီး ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ မြ၊ စိန်နှင့် အခြားအဖိုးတန် ကျောက်မျက်ရတနာ အချောထည်နှင့် လက်ဝတ်ရတနာများကို ၁၅ ရာခိုင်နှုန်း ကောက်ခံရာမှ ယခု အခွန် ၅ ရာခိုင်နှုန်း သာ ကောက်ခံမည် ဖြစ်ကြောင်း ဇန်နဝါရီ ၂၆ ရက်နေ့တွင် ထုတ်ပြန်လိုက်သော၂၀၁၅ ပြည်ထောင်စု အခွန်အကောက် ဥပဒေကြမ်းတွင် ထည့်သွင်းထားသည်။

“ကျောက်မျက်တွေအပေါ် အခွန်လျော့လိုက်ခြင်းဟာ တိုင်းပြည်အတွက် အကျိုးအများကြီးရှိ ပါတယ်” ဟု ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ကိုင်သူ တစ်ဦးကပြောကြားသည်။

အဆိုပါ ၂၀၁၅ ပြည်ထောင်စု အခွန်အကောက် ဥပဒေကြမ်း၌ စီးကရက်၊ ဆေးလိပ်၊ အရက်နှင့် ဘီယာများအပေါ် အခွန် ထပ်မံတိုးမြှင့်ကောက်ခံထားကြောင်း၊ ပြည်ထောင်စုလွှတ်တော်မှာအတည်ပြု ပြဌာန်းရန် တင်ပြထားမည့် ဤ ဥပဒေမူကြမ်းတွင် စီးကရက်ကို ၁၂၀ ရာခိုင်နှှုန်းအထိ အမြင့်ဆုံးအခွန် သတ်မှတ် ထားသည်။

ဆေးရွက်ကြီး၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်၊ ကွမ်းစားဆေး၊ အရက်နှင့် ဘီယာအမျိုးမျိုးကို ၆၀ ရာခိုင်နှုန်း အခွန်တိုးမြှင့်ကောက်ရန် သတ်မှတ်ထားသည်။

၂၀၁၄ ပြည်ထောင်စု အခွန်အကောက် ဥပဒေအရ စီးကရက်ကိုအခွန် ၁၀၀ ရာခိုင်နှှုန်းနှင့် ဆေးလိပ်၊ အရက်နှင့် ဘီယာအမျိုးမျိုးကို ၅၀ ရာခိုင်နှုန်း သတ်မှတ်ထားသည်။

၂၀၁၅ ပြည်ထောင်စု အခွန် အကောက် ဥပဒေကြမ်း၌ ၁,၈၀၀ စီစီ အထက် ဗင်ကား၊ ဆလွန်း၊ ဆီဒင်နှင့် ဝက်ဂွန်ကားများ တင်သွင်းရောင်းချမှုနှင့် လောင်စာဆီ ရောင်းချမှုအပေါ် ကောက်ခံသည့် အခွန်နှုန်း ထားများ ပြောင်းလဲခြင်း မရှိသလို ရေနံစိမ်း၊ သဘာဝ ဓာတ်ငွေ့ နှင့် သစ်များ ပြည်ပတင်ပို့ ရောင်းချမှုအပေါ် ပေးဆောင်ရမည့် ကုန်သွယ်ခွန် သည်လည်း အပြောင်းအလဲ မရှိပါ။

၂၀၁၅- ၂၀၁၆ ဘဏ္ဍာရေး နှစ်အတွက် ရည်ရွယ် ရေးဆွဲထားသည့် ဒီဥပဒေ မူကြမ်းကို လွှတ်တော်က အတည်ပြုပြီးပါက ၂၀၁၅ ဧပြီ ၁ ရက်နေ့က စတင် ဥပဒေ အကျိုးသက်ရောက်မှု ရှိမည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.