Connect with us

Politics, Law & Military

အိုအိုင်စီ၏ အဆိုမူကြမ်းသည် မြန်မာနိုင်ငံနှင့် သက်ဆိုင်ခြင်း မရှိကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်

နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ကြေငြာချက် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ ၂၉ ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (အိုအိုင်စီ) ၏ အဆိုမူကြမ်းသည် မြန်မာနိုင်ငံနှင့် သက်ဆိုင်ခြင်း မရှိကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇွန်လ (၃) ရက်နေ့က ကြေညာချက် ထုတ်ပြန်သည်။

အိုအိုင်စီမှ တင်သွင်းသည့် မြန်မာနိုင်ငံ နှင့် ပတ်သက်သည့် အဆို မူကြမ်းတစ်ရပ်ကို ဇူလိုင်လ ၃ ရက်နေ့တွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ ၂၉ ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ယင်းဆုံးဖြတ်ချက် အဆိုမူကြမ်းသည် မြန်မာနိုင်ငံ၏ လွတ်လပ်သော အချုပ်အခြာအာဏာ ပိုင်မှုကို ထိပါးရာ ရောက်ခြင်း၊ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများနှင့် စပ်လျဉ်းပြီး မဟုတ်မမှန် စွပ်စွဲချက်များ ပါဝင်ခြင်း၊ ပြည်တွင်း စီရင်ပိုင်ခွင့်အတွင်း ကျရောက်သည့် ကိစ္စများအား ဝင်ရောက် စွက်ဖက်ခြင်း၊ မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာ ယုံကြည် ကိုးကွယ်မှု ရှိနေခြင်းအား အထင်အမြင် လွဲမှားစေမည့် ဖော်ပြချက်များ ပါဝင်ခြင်းတို့ကြောင့် ဓမ္မဓိဋ္ဌာန်မ ကျသော ဆောင်ရွက်ချက် တစ်ရပ်သာဖြစ်ပြီး ဘာသာရေး ကိစ္စအတွက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို အသုံးချ၊ အမြတ်ထုတ်မှု တစ်ရပ် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ၎င်းတို့၏ သတင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းထားသည်။

သို့ဖြစ်ရာ ယင်းအဆိုမူကြမ်းအား လူ့အခွင့်အရေး ကောင်စီ၌ စဉ်းစား ဆောင်ရွက်ရာတွင် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ် စားလှယ်က အဆိုမူကြမ်းတွင် ပါဝင်သော မြန်မာနိုင်ငံက လက်မခံသည့် အသုံးအနှုန်းကို လည်းကောင်း၊ ဆုံးဖြတ်ချက်ပါ အပိုဒ် တစ်ပိုဒ်ချင်းစီကို လည်းကောင်း၊ ပြင်းထန်စွာ ကန့်ကွက်လျက် ပယ်ချခဲ့ကြောင်း၊ ထို့ကြောင့် အိုအိုင်စီ ၏ အဆိုမူကြမ်း တစ်ရပ်လုံးသည် မြန်မာနိုင်ငံနှင့် လုံးဝ သက်ဆိုင်ခြင်း မရှိကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ အနေဖြင့် ပြည်သူများ၏ လူ့အခွင့်အရေး တိုးတက်ရရှိရေးနှင့် ကာကွယ် စောင့်ရှောက် ရေးတို့အတွက် နိုင်ငံအတွင်း မတူညီသည့် ယုံကြည်မှုများနှင့် လူများအကြား ကွဲပြား ခြားနားမှုများကို လက်ခံလျက် သဟဇာတ ရှိရှိဖြင့် ငြိမ်းချမ်းစွာ ဆက်လက် အတူယှဉ်တွဲ နေထိုင်ရေးကို ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံရေး ဝန်ကြီးဌာန ၏ ကြေညာချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.