Connect with us

Politics, Law & Military

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရန် အနောက်နိုင်ငံများကိုပါ ဗီဇာ ဖြေလျှော့သွားဖို့ လိုအပ်

ဒုတိယ သမ္မတ ဦးဗန်ထီးယူ အဖွင့် မိန့် ခွန်း ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

ခရီးသွား လုပ်ငန်း မြှင့်တင်ရေး ဆောင်ရွက်ရာတွင် ဒေသတွင်း နိုင်ငံများကိုသာမက အနောက် နိုင်ငံ များကိုပါ ဗီဇာ ဖြေလျှော့မှုများ ဆောင်ရွက်ဖို့ လိုအပ်သည်ဟု နေပြည်တော် သင်္ဂဟဟိုတယ်၌ ယနေ့ကျင်းပသော ကမ္ဘာ့ ခရီးသွားလုပ်ငန်းနေ့(၂၀၁၈) အခမ်းအနားတွင် ဒုတိယ သမ္မတက ပြောကြားခဲ့သည်။

“ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် ဆောင်ရွက်ရာမှာ တည်ငြိမ် အေးချမ်းမှုရှိပြီး ဘေးအန္တရာယ် ကင်းရှင်းစွာ လာရောက်လည် ပတ်နိုင်ကြောင်းကို ကမ္ဘာ လှည့်ခရီးသွားဧည့်သည်များ သိရှိနိုင်ရေး အတွက် သတင်းမီဒီယာများ၊ Travel Writer များကို ဖိတ်ခေါ်ခြင်း၊ လက်ကမ်းစာစောင်များ အသုံးပြုပြီး မြှင့်တင်ကြော်ငြာခြင်း၊ လေ့လာရေး ခရီးစဉ်များ ဖိတ်ခေါ်ပြသခြင်း၊ ခရီးသွားပြပွဲတွေ ပြုလုပ်ခြင်း၊ နိုင်ငံတကာ ခရီးသွားပြပွဲတွေမှာ ပါဝင်ပြသခြင်းများနဲ့ အချိန်တိုအတွင်း ကုန်ကျစရိတ် သက်သက် သာသာနဲ့ ထိရောက်မှုရှိတဲ့ Digital Promotion စနစ်ကိုအရှိန်မြှင့် ဆောင်ရွက်ဖို့ လိုအပ် ပါတယ်။ နိုင်ငံတော်အနေနဲ့လည်း ခရီးသွားလုပ်ငန်းကို ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေဖို့ ခရီးသည်များ ဝင်ထွက်မှုလွယ်ကူရေးအတွက် ASEAN+3 နိုင်ငံများ အတွက် ပြည်ဝင်ဗီဇာ ဖြေလျှော့ ပေးရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများနဲ့အချိန်ယူ ညှိနှိုင်းပြီး တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါ တယ်။ အလားတူ Potential ရှိတဲ့ အနောက် နိုင်ငံများကိုလည်း ဗီဇာဖြေလျှော့မှုများကို ထည့်သွင်းစဉ်းစား ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

စာစီစာကုံးနှင့် ကျပန်း စကားပြောပြိုင်ပွဲ ဆုရရှိသူများအား ဆုချီးမြှင့်နေစဉ် (ဆင်ဟွာ)

ဝန်ဆောင်မှု အကောင်းဆုံး ဆုရရှိသော ဟိုတယ်များ၊ ခရီးသွား ကုမ္ပဏီများအား ဆုချီးမြှင့်ပေးစဉ် (ဆင်ဟွာ)

ဆက်လက်၍ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကို ကြည့်လျှင် ကမ္ဘာလှည့် ခရီးသည် ရောက်ရှိမှုမှာ ၂၀၁၇ခုနှစ်တွင် ၃ ဒသမ ၄သန်းဖြစ်ပြီး ၂၀၁၈ခုနှစ်၊ ဇူလိုင်လအထိ ခရီးသွား ဧည့်သည် ရောက်ရှိမှု ၁ ဒသမ ၉၃ သန်းဖြစ်ကြောင်း၊ နိုင်ငံစီးပွား ဖွံ့ဖြိုး တိုးတက်ဖို့ ခရီးသွားလုပ်ငန်း တိုးတက် ရေးဟာ အဓိကကျသည့် ကဏ္ဍတစ်ရပ်ဖြစ်ပြီး ပို့ဆောင်ဆက်သွယ်ရေး၊ အခြေခံ အဆောက်အအုံ၊ ငွေကြေးစီမံခန့်ခွဲမှုစသည့် အဘက်ဘက်က ဟန်ချက်ညီညီဖွံ့ဖြိုးမှသာ ဒီခရီးသွား လုပ်ငန်း ဖွံ့ဖြိုး တိုးတက်လာ နိုင်မှာဖြစ်သောကြောင့်် ဌာနအလိုက်၊ ကဏ္ဍအလိုက် ဖွံ့ဖြိုးအောင် ဆောင်ရွက်ကြ ဖို့လိုကြောင်း၊ ခရီးသွားများ မြန်မာနိုင်ငံကို ပိုမိုလာရောက်လည်ပတ်ဖို့ အတွက် ခရီးစဉ် ဒေသအသီးသီးသို့ အဆင်ပြေ လွယ်ကူစွာ သွားလာနိုင်စေဖို့ စီစဉ်ဆောင်ရွက်ပေးနိုင်မှု၊ ဝင်ထွက်မှု ဆိုင်ရာ စည်းမျဉ်း စည်းကမ်း ကန့်သတ်ချက် များကို ဖြေလျော့ပေးနိုင်မှု၊ တိုင်းဒေသကြီး/ ပြည်နယ် အလိုက် ခရီးသွား ထုတ်ကုန်များ မြှင့်တင်ပြီး တစ်နှစ်ပတ်လုံး လည်ပတ်နိုင်ရေး စီမံဆောင်ရွက်မှု၊ လူထုအခြေပြု ခရီးသွားလုပ်ငန်း ကဲ့သို့ သော ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေမှု၊ ခရီးစဉ် ဒေသအသစ်များ ဖော်ထုတ်ခြင်းနှင့် ပြည်တွင်း ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေမှုတို့ အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ ခရီးသွား လုပ်ငန်းတွင် ပါဝင် ဆောင်ရွက်ကြသူအားလုံးက ဆန်းသစ်တီထွင်မှုများကို အသုံးပြုပြီး ဆွဲဆောင်မှု အားဆကာင်းသော ခရီးသွား ထုတ်ကုန်မျး ပေါ်ထွက်လာစေရေး Digital နည်းပညာများဖြင့် ခရီးသွား လုပ်ငန်း ပြောင်းလဲ မြှင့်တင်နိုင်ရေးအတွက် ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်သွားဖို့ တိုက်တွန်းကြောင်း လည်း ဒုတိယ သမ္မတက ပြောကြားခဲ့သည်။

ဗီဇာ ဖြေလျှော့ရေးတွင် အာဆီယံနှင့် မိတ်ဖက်နိုင်ငံများဖြစ်သော ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံနှင့် တရုတ် နိုင်ငံက ဧည့်သည် များအား အောက်တိုဘာ လဆန်း ၁ ရက်က စပြီး ဗီဇာ ဖြေလျှော့မှု (Visa Free) စတင်မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ပထမဆုံး အကြိမ်ဖြစ်သော အဆိုပါ ဗီဇာ ဖြေလျှော့ပွဲကို ရန် ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

“ခရီးသွား လုပ်ငန်းမြှင့်တင်ဖို့ ဒီဂျစ်တယ်နည်းပညာဖြင့် ပြောင်းလဲစို့- Tourism and the Digital Transformation” ဆောင်ပုဒ်ဖြင့် ကျင်းပသော အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံခြား သံရုံးများမှ သံအမတ် ကြီးများ၊ သံတမန်များ၊ အဆင့်မြင့်အရာရှိကြီးများ၊ ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ ခရီးသွားလုပ်ငန်းဆောင်ရွက်နေကြသူများ တက်ရောက်ခဲ့ကြပြီး UNWTO အထွေထွေအတွင်းရေးမှူးချုပ်၏ သတင်းစကား ရုပ်သံကို ပြသခြင်း၊ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း အမှတ်တံဆိပ် အသစ်အကြောင်း ရှင်းလင်း တင်ပြခြင်း၊ ကမ္ဘာ့ခရီးသွား လုပ်ငန်း နေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကျပန်းစကားပြောပြိုင်ပွဲများတွင် ဆုရရှိသူများ၊ စွမ်းဆောင်ရည် အကောင်းဆုံး ဆုရ ဟိုတယ်များ၊ ခရီးသွား ကုမ္ပဏီများအားပြည်ထောင်စုဝန်ကြီးများက ဆုများ အသီးသီး ချီးမြှင့်ကြခြင်း၊ မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခြင်း၊ Digital နည်းပညာ ပြခန်းများအား လှည့်လည်ကြည့်ရှုခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.