Connect with us

Politics, Law & Military

စစ်ကိုင်းတိုင်းတွင် ကျပ် ၈၉သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအားတွေ့ရစဉ်(ပြည်ထဲရေး)

ရန်ကုန်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး၊ကသာခရိုင်၊ထီးချိုင့်မြို့နယ်၊ကြို့ကုန်းကျေးရွာအတွင်းမှ ငွေကျပ်(၈၉)သိန်း တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ထီးချိုင့်မြို့နယ်၊ကြို့ကုန်းကျေးရွာနေရှိ နေအိမ်အား မူးယစ်ဆေးဝါးသတင်းအရ ဝင်ရောက်ရှာဖွေရာ ယင်း၏အိမ်ခန်းအတွင်းရှိ သံသေတ္တာထဲမှwyစိတ်ကြွဆေးပြား ၁၇၈၀ပြားရှာဖွေစစ်ဆေးတွေ့ရှိရကြောင်း၊ အဆိုပါ ဖမ်းဆီးရမိသူအားထီးချိုင့်မြို့မရဲစခန်းမှ မယ(ပ)၂၈/၁၈ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော ပုဒ်မ၁၉(က)အရ ဖမ်းဆီးအရေးယူဆောင်ရွက်ထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.