Connect with us

Politics, Law & Military

ထိုင်း လိုဏ်ဂူအတွင်း ပိတ်မိနေသော လူငယ်များအား မြန်မာနိုင်ငံက အပြည့်အဝ ပူးပေါင်းကူညီ ဆောင်ရွက်မည်

ထိုင်း လိုဏ်ဂူအတွင်း ပိတ်မိနေသော လူငယ်များအား ကူညီပေးရန် နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သော ထုတ်ပြန်ချက်အားတွေ့ရစဉ်(နိုင်ငံတော် သမ္မတရုံး)

ရန်ကုန်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်ခရိုင် လိုဏ်ဂူအတွင်း ပိတ်မိနေကြသည့် လူငယ် ၁၃ဦးအား ကယ်ဆယ်ရေးတွင် မြန်မာနိုင်ငံက အပြည့်အဝ ပူးပေါင်းကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သော သတင်း ထုတ်ပြန်ချက်အရ သိရသည်။

ထိုင်းနိုင်ငံမှ တာဝန်ရှိသူများနှင့် ကယ်ဆယ်ရေးအဖွဲ့က ဇွန် ၂၃ရက်နေ့က ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ရှိ ထမ့်လုံခွန်နမ့်လိုဏ်ဂူအတွင်း ဝင်ရောက်သွားပြီး ပိတ်မိနေသော လူငယ်ဘောလုံးအသင်းမှ လူငယ်(၁၃)ဦးကို ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်လျက်ရှိရာတွင် မြန်မာနိုင်ငံက လိုအပ်သည်များ အပြည့်အ၀ ပူးပေါင်း ဆောင်ရွက်သွားရန် ပြည်ထောင်စုအစိုးရက နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရတို့ကို ညွှန်ကြားထားကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဂူအတွင်းသို့ ဇွန် ၂၃ ရက် နေ့လည်ပိုင်းကအသက်(၁၁)နှစ်မှ အသက်(၂၅)နှစ်အထိ ပါဝင်သည့် အားကစားသမား ကျောင်းသား(၁၂)ဦး နှင့် အားကစားနည်းပြ(၁)ဦး စုစုပေါင်း လူငယ်(၁၃)ဦးသည် ဂူအတွင်းသို့ ဝင်ရောက်သွားပြီး ယနေ့ထိတိုင် ဂူအတွင်းမှ ပျောက်ဆုံးနေသည့် အတွက် ကယ်ဆယ်ရေးအဖွဲ့များမှ ရှာဖွေမှုများကို နေ့ရောညပါ ကြိုးပမ်းရှာဖွေနေကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.