Connect with us

Politics, Law & Military

ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာ၌ သီတင်းနှစ်ပတ်အတွင်း တရားမဝင်သစ် တန် ၁၀၉ ကျော် ဖမ်းဆီးရမိ

ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာ၌ တရားမဝင်သစ် ဖမ်းဆီးရမိမှု တစ်ခုအား တွေ့ရစဉ်(ဓာတ်ပုံ - Forest Department)

ရန်ကုန် ၊ အောက်တိုဘာ ၂၆ ရက်(ဆင်ဟွာ)

ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာ၌ အောက်တိုဘာ ၁၂ ရက်မှ ၂၅ ရက်အထိ သီတင်းနှစ်ပတ်အတွင်း တရားမဝင်သစ် စုစုပေါင်း ၁၀၉ တန် ကျော် ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနထံမှ သိရသည်။

အဆိုပါ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ အောက်တိုဘာ ၁၂ ရက်မှ ၁၈ ရက်အထိ တရားမဝင်ကျွန်း၊ သစ်မာ၊အခြား စုစုပေါင်းသစ်တန် (၄၆ ဒသမ ၆၅၃၆)တန်ဖမ်းဆီးရမိခဲ့ကြောင်း နှင့် အောက်တိုဘာ ၁၉ ရက်မှ ၂၅ ရက်အထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊အခြား စုစုပေါင်းသစ်တန် (၆၂ ဒသမ ၄၃၀၆)တန် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၊ သစ်တောဦးစီးဌာန အနေဖြင့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်း အား ၁၀ နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်း သိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင် အထည်ဖော် ဆောင်ရွက်နေလျှက်ရှိကြောင်း သိရသည်။ (Xinhua)