Connect with us

Politics, Law & Military

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်ဝင်လာမည့်သူတို့အား မြန်မာဘက်မှ လက်ခံရန် အဆင်သင့်ဖြစ်နေ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးရှင်းလင်းပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်ဝင်လာမည့်သူတို့အား ပြန်လည် လက်ခံရန် မြန်မာနိုင်ငံဘက်မှ အဆင်သင့် ဖြစ်နေကြောင်း နေပြည်တော် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတွင် ယနေ့နေ့လယ်ပိုင်း ပြုလုပ်သော သတင်းစာရှင်းပွဲ၌ ပြောကြားခဲ့သည်။

“ပြန်လည်လက်ခံရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ဘက်က အဆင့်သင့် ဖြစ်နေပါပြီ၊ နှစ်နိုင်ငံ သဘောတူ စာချုပ် ချုပ်ထားတဲ့အတိုင်းပဲ နှစ်လအတွင်း လက်ခံရမယ်ဆိုတဲ့ ရက်က ဒီနေ့ ၂၃ ရက် ဆိုရင် ပြည့်ပါတယ်၊ ဒီလို လက်ခံဖို့ အတွက် လက်ခံရေး စခန်းနှစ်ခုနဲ့ ကြား စခန်းတစ်ခုကို တည် ဆောက်ရတယ်၊ လက်ခံဖို့ အစီအစဉ်တွေ ဆောင်ရွက်ရတယ်၊ ဝန်ထမ်းတွေ လည်း အဆင်သင့် ပို့ပြီးပြီ – စသဖြင့် ဆောင်ရွက်ရမယ့် ကိစ္စတွေအားလုံး အဆင့်သင့် ဖြစ်နေပါပြီ၊ ဆက်လုပ်ရမယ့် လုပ်ငန်းတွေကိုလည်း ပိုပြီး ပြည့်စုံအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောခဲ့သည်။

စတင်လက်ခံရမည့် နေ့တွင် ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြန်လည်ဝင်ရောက်လာခြင်း မရှိသေးသည့် အခြေအနေအပေါ် ဒေါက်တာ ဝင်းမြတ်အေးက “နှစ်နိုင်ငံ သဘောတူညီချက်အရ နှစ်ဘက်က အလုပ်လုပ်မယ့် working group တွေ တွေ့ဆုံပြီးရင် ပြန်လည်လ က်ခံရေးကို စနစ်တကျညှိနှိုင်း မယ်၊ ပြီးရင် လက်ခံဖို့ပဲရှိတယ်၊ ကျွန်တော်တို့ ဘက်ကတော့ လုပ်ဆောင်ရမယ့် အဆင့်တိုင်းမှာ စည်းကမ်းနဲ့ ညီညွတ်အောင် သေသေချာချာ လုပ်ဆောင်နေပါတယ်။ ဒီကိစ္စက ညှိနှိုင်းပြီး ဆောင်ရွက် ရတဲ့ ကိစ္စ ဖြစ်လို့ ဘင်္ဂလားဒေ့ရှ် ဘက်က ဒီကို ပို့မယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး ညှိနှိုင်းလာလို့ ရှိရင် ညှိနှိုင်းချက် အပေါ်မှာ သဘောတူညီချက် ရယူပြီးတော့ ဆက်လက် ဆောင်ရွက်သွားပါမယ်” ဟု ဖြေကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း ရှင်းလင်းပြောကြားစဉ် (ဆင်ဟွာ)

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ရှင်းလင်းပြောကြားစဉ် (ဆင်ဟွာ)

ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့် ရှင်းလင်းပြောကြားစဉ် (ဆင်ဟွာ)

ပြန်လည်လက်ခံရေး အခြေအနေဆိုင်ရာ သတင်းစာ ရှင်းပွဲကျင်းပနေစဉ် (ဆင်ဟွာ)

ပြန်လည် ဝင်ရောက်လာမည့်သူများ အန္တရာယ်ကင်းရေးအတွက် ဆောင်ရွက်ထားမှုများနှင့် ပတ်သက်ပြီး “စိစစ် ပြန်လည် လက်ခံရေး စခန်းနှစ်ခု ဖြစ်တဲ့ တောင်ပြိုလက်ဝဲစခန်းနဲ့ ငါးခူရ စခန်းတွေမှာ လုံခြုံရေးအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က နယ်ခြားစောင့် ရဲတပ်ဖွဲ့ အမှတ် (၁) (၂) (၄) (၅) ကို စီစဉ်ထားပါတယ်၊ ရဲမှူးချုပ် မြင့်စိုးက ဦးဆောင်ပြီးတော့ စခန်းတွေ လုံခြုံရေးအတွက် အတွင်းစည်း အပြင်စည်း လုံခြုံရေးတွေ ချထားပါတယ်၊ ပြန်လည် ဝင်ရောက်လာမယ့် ပုဂ္ဂိုလ်တွေ လုံခြုံရေးအတွက် စီမံချက်များ ရေးဆွဲပြီး စနစ်တကျ ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး နယ်မြေ လုံခြုံရေး တရားဥပဒေ စိုးမိုးရေးကို အပြည့်အဝ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်က ရှင်းပြခဲ့သည်။

အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က “တချို့က မပြန်အောင် တိုက်တွန်းနေသူတွေ ရှိတယ် ဆိုတာက ဒီပြဿနာကို ပြေလည်မှာကို စိုးရိမ်နေတဲ့ သူတွေ ရှိတယ်၊ ဒီပြဿနာကို ပိုပြီးရှုပ်ထွေးလာပြီးတော့ နိုင်ငံတကာ Attention ရအောင် ကြိုးပမ်း ဆောင်ရွက်နေတဲ့သူတွေလည်း ရှိတဲ့ အတွက် နိုင်ငံတကာက ဖိအား ပိုသုံးလာအောင် ပြဿနာကို ပိုပြီး ကြီးမားအောင် လုပ်တဲ့ အဖွဲ့တွေလည်း ရှိတယ်လို့တော့ သုံးသပ်ပါတယ်” ဟု ရှင်းပြခဲ့သည်။

ပြန်လည် လက်ခံမည့်အနေအထားနှင့် ပတ်သက်ပြီး “ပြန်လည်လက်ခံရေး အချိန်က ပထမ လျာထား ချက်က နှစ်နှစ်ခင်ဗျ။ အခြေအနေအရ နှစ်နှစ်ထက်လည်း စောပြီးတော့ ပြီးချင်ပြီးနိုင်တယ်။ ပိုလည်း ကြာနိုင်တယ်။ သတ်မှတ်ထား တာကတော့ နှစ်နှစ်အတွင်းလို့ သတ်မှတ်ထားပါတယ်။ လက်ခံမယ့် အရေအတွက်ကို မသတ်မှတ်ပါဘူး။ သူက ပြန်လာဖို့ အရည်အချင်းနဲ့ ပြည့်စုံတယ်။ ကျွန်တော်တို့ လက်ခံနိုင်တဲ့ သတ်မှတ်ချက်တွေနဲ့ ပြည့်စုံရင် ရပါပြီ” ဟု ရှင်းပြခဲ့သည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲကို ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးစိုးအောင်၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင်၊ ပြည်ထဲရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးတင်မြင့်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူတို့စုပေါင်း ရှင်းလင်း ဖြေကြားခဲ့ကြပြီး ပြည်တွင်း ပြည်ပ မီဒီယာများ တက်ရောက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.