Connect with us

Politics, Law & Military

ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် ကွင်းဆင်း၊အကဲဖြတ်မှုများ စတင် ဆောင်ရွက်မည်

မောင်တောမြို့အ၀င်အားတွေ့ရစဉ်(MOI)

ရန်ကုန်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် ဘူသီးတောင်နှင့်မောင်တောမြို့နယ်များတွင် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) တို့အကြား လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာအား လက်တွေ့အကောင်အထည်ဖော်ရေး ပထမအဆင့်အနေဖြင့် ကွင်းဆင်း၊ အကဲဖြတ်မှုများ စတင် ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးရာဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာအုပ်စု (၅) အုပ်စု (ကျေးရွာ ၁၂ ရွာ) နှင့် မောင်တောမြို့နယ်ရှိ ကျေးရွာအုပ်စု (၈) အုပ်စု (ကျေးရွာ ၁၁ ရွာ)၊ စုစုပေါင်းကျေးရွာအုပ်စု (၁၃) အုပ်စု (ကျေးရွာ ၂၃ ရွာ) တို့၌ ကွင်းဆင်း၊ အကဲဖြတ်မှုများ စတင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ကွင်းဆင်းအကဲဖြတ်မှုများ ဆောင်ရွက်နိုင်ရန်အတွက် UNDP နှင့် UNHCR တို့ဘက်မှ တာဝန်ချထားသည့် ဝန်ထမ်းများအား လိုအပ်သည့် ခရီးသွားလာခွင့်ပြုကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သြဂုတ် ၇ ရက်တွင် အသိပေးထားပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ နေရာများသို့ ကွင်းဆင်း အကဲဖြတ်မှုများ ပြုလုပ်ရန်အတွက် လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးရန် သက်ဆိုင်ရာဌာနများသို့လည်း အကြောင်းကြားထားပြီး ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.