Connect with us

Politics, Law & Military

မိုးကုတ်မြို့နယ်တွင် ငွေကျပ် သိန်း ၁ သောင်းကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

မိုးကုတ်၌ ဖမ်းဆီးရမိသော ဘိန်းဖြူများအား တွေ့ရစဉ်(CCDAC Myanmar)

ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ မိုးကုတ်မြို့နယ်တွင် အောက်တိုဘာ ၁၆ ရက်၌ ငွေကျပ် သိန်း ၁ သောင်းကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ မြို့အတွင်း တံတားလုံခြုံရေးဆောင်ရွက်နေစဉ် ခြင်းတောင်းနှင့်အထုပ်များတင်ဆောင်လာသည့် ဆိုင်ကယ် ၂ စီးသည် အစစ်ဆေးမခံပဲ မောင်းနှင်ထွက်ပြေးသွားသဖြင့် မိုးကုတ်မြို့နယ်ရဲတပ်ဖွဲ့နှင့် သတင်းချိတ်ဆက်၍ လိုက်လံရှာဖွေ ရာ မိုးကုတ်မြို့နယ်၊ ညောင်ကုန်းကျေးရွာအနီး ချုံတောအတွင်းမှ လူတစ်ဦးနှင့် ဆိုင်ကယ် ၁ စီး အားတွေ့ရှိရပြီး စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ပေါ်ရှိ ဆာလာအိတ်အတွင်းမှ ဘိန်းဖြူ ၄၉၂၂ ဂရမ်အား သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ဆက်လက် ရှာဖွေခဲ့ရာ ညောင်ကုန်းကျေးရွာတောင်ဘက်၊ လမ်းဘေးတောအတွင်းရှိ ချောင်းကမ်းစပ်ဘေးမှ ဆိုင်ကယ် ၁ စီးအား တွေ့ရှိသဖြင့် ရှာဖွေရာ ဆိုင်ကယ်ပေါ်ရှိဆာလာအိတ်အတွင်းမှ ဘိန်းဖြူ ၅၁၈၆.၅ ဂရမ်၊ စုစုပေါင်းဘိန်းဖြူ ၁ဝ၁ဝ၈.၅ ဂရမ် (ဒေသကာလပေါက်ဈေးတန်ဖိုးငွေ ၁,ဝ၁ဝ,၈၅ဝ,ဝဝဝ ကျပ်)အား သိမ်းဆည်းရမိခဲ့သဖြင့် မိုးကုတ်မြို့မရဲစခန်း မယ(ပ) ၁၂၈/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂ဝ(က)/ ၂၁ ဖြင့်အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.