Connect with us

Politics, Law & Military

မူဆယ်မြို့နယ်၌ အက်ဆစ်ပေပါ အလုံး ၈၀ ဖမ်းဆီးရမိ

အက်ဆစ်ပေပါ အလုံး ၈၀တင်ဆောင်လာသည့် မော်တော်ကားအားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဇွန် ၈ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် မူဆယ်မြို့နယ်၌ အက်ဆစ်ပေပါ အလုံး ၈၀ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့ ၂၀း၀၀နာရီ အချိန်တွင် မူဆယ်မြို့နယ် နမ့်ပေါ်တံတားရဲကင်း၌ အောင်မျိုးဦး(၃၀)နှစ် မောင်းနှင်လာသည့် 1H/ ×××× HENO ၁၂ ဘီးယာဉ်အား စစ်ဆေးရာ ယာဉ်ပေါ်၌ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် အက်ဆစ်ဟုယူဆရသော ပလပ်စတစ် ပေပါ ၈၀လုံးအား ဖမ်းဆီးရမိခဲ့သဖြင့် အမှုဖွင့်စစ်ဆေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.