Connect with us

Politics, Law & Military

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ၄ဦးကို ရာထူးမှ နှုတ်ထွက်ခွင့်ပြု

နိုင်ငံတော်သမ္မတရုံး ၀န်ကြီးဌာနအမှတ်တံဆိပ်(ဓာတ်ပုံ-နိုင်ငံတော် သမ္မတရုံး)

ရန်ကုန်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင် ၄ဦးကို ယနေ့ ရာထူးမှ နှုတ်ထွက်ခွင့်ပြုလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်လိုက်သည်။

ယင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေပုဒ်မ ၁၇ ပါ ပြဋ္ဌာန်းချက်အရ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များဖြစ်သော ဦး ဇော်ဝင်း၊ ဒေါက်တာ ဉာဏ်ဇော်၊ ဒေါက်တာ ဒေါ်သန်းနွဲ့နှင့် ဒေါ်မြမြတို့ကို မိမိတို့ သဘောဆန္ဒအရ နှုတ်ထွက်ခွင့်ပြုလိုက်ကြောင်း နိုင်ငံတာ် သမ္မတ ဦးထင်ကျော်လက်မှတ်ဖြင့် ယနေ့ ထုတ်ပြန်လိုက်သည်။ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၌ ဖြစ်ပေါ်ခဲ့သည့် ကလေးသူငယ်များ ညှဉ်းပန်း နှိပ်စက်ခံရမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အထက်ပါ လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်များကို နှုတ်ထွက်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.