Connect with us

Politics, Law & Military

ရန်ကုန်စည်ပင်နယ်နိမိတ်အတွင်း ဆိုင်ကယ်စီးခွင့် ပြန်လည်ခွင့်ပြုမည်

ဥပဒေနှင့် အညီ ဆိုင်ကယ် စီးနင်းခွင့် ရရေး အတွက် ဆိုင်ကယ် ဝါသနာရှ င်များ အပျော်တမ်း ဆိုင်ကယ်စီး ပွဲတော်ကျင်းပစဉ်(ဓာတ်ပုံ- အင်တာနက်)

ရန်ကုန်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ်အတွင်း မော်တော်ဆိုင်ကယ် စီးနင်းခွင့်ပြန်လည်ခွင့်ပြုမည်ဖြစ် ကြောင်း တိုင်းဒေသကြီးဆောက်လုပ်ရေးနှင့်ပို့ဆောင်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။

အဆိုပါ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ် ဆင်ခြေဖုံးမြို့နယ်များအတွင်း ဆိုင်ကယ် တရားဝင်စီးနင်းခွင့်ပေးရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အစီအစဉ် ရေးဆွဲနေသည့် အဆင့်သာရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။

” ဘတ်စ်ကား မလွယ်ကူတဲ့ ရှားပါးတဲ့ ပုလဲမြို့သစ်တို့ ၊ ရွှေပြည်သာတို့ ၊ သန်လျင်တို့ အဲ့ဒီဘက်တွေဘက်ပါ ။ စည်ပင်ဧရိယာလို့ပြောတဲ့အတွက် ဒီ မြို့တွင်းခြောက်မြို့နယ် လည်းပါချင်တော့ ပါသွားနိုင်တယ်” ဟု ၎င်းက ပြောသည်။

ယနေ့ အောက်တိုဘာ ၆ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ရွှေပြည်သာမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးရန်အောင် မေးမြန်းသော ဆင်ခြေဖုန်းမြို့နယ်များအတွက် အရေးပါသော မော်တော်ဆိုင်ကယ်စီးနင်းမူကို စနစ်တကျကြပ်မတ်ကာ ခွင့်ပြုပေးသွားရန်ရှိမရှိနှင့် ပတ်သက်၍ တိုင်းဒေသကြီး ဆောက်လုပ်ရေးနှင့်ပို့ဆောင်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြန်လည်ခွင့်ပြုသွား မည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.