Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် တွင် ဒေသကာလပေါက်ဈေးငွေကျပ် ၁၂၃၇.၅ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

ဖမ်းဆီးရမိသူတို့အားသက်သေခံပစ္စည်းများ နှင့်အတူတွေ့ရစဉ် (ဓာတ်ပုံ--CCDAC)

ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) 

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် တွင် ဒေသကာလပေါက်ဈေးငွေကျပ် ၁၂၃၇.၅ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများအား သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးသုံးစွဲမှုထိန်းချုပ်ရေးဗဟိုကော်မတီ က ယနေ့သတင်းထုတ်ပြန်သည်။ 

ဖြစ်စဉ်မှာ စက်တင်ဘာလ ၂၂ ရက် ၁၉း၀၀ နာရီ တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ စု(၄၂) ရန်ကုန်(အနောက်)မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ သင်္ဃန်းကျွန်းမြို့နယ်၊ ဘဝမြင့်ရပ်ကွက်၊ မလိခအိမ်ရာရှိ ဧည့်ရိပ်မွန်၊ အခန်းအမှတ်(—-)အား ဝင်ရောက်ရှာဖွေရာ အခန်းအတွင်း ရှမ်းပြည်နယ်၊ ကျေးသီးမြို့နယ်၊ ပန်လော့ ကျေးရွာနေ မနန်းဥ(ခ)နန်းလူ ၂၅ နှစ်နှင့် မိုးကုတ်မြို့၊ အောင်မင်္ဂလာရပ်ကွက်နေ ဇော်မြင့်(ခ)အောင်မြင့်(ခ)အိုက်မြင့် ၅၁ နှစ်တို့အားတွေ့ရှိပြီး အခန်းအတွင်းရှိကျောပိုးအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၉,၅၀၀ ပြား (ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၁၂၃၇.၅ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 

အဆိုပါ ဖမ်းဆီးရမိခဲ့သည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာရဲစခန်း တွင် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုများရေးဖွင့်ပြီး ကွင်းဆက်များဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.