Connect with us

Politics, Law & Military

ရေပူနှင့်မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်းများတွင် ကျပ် ၇၇သန်းတန်ဖိုးရှိ တရားမဝင်ကုန်စည်များ ဖမ်းဆီးရမိ


ရန်ကုန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)

ရေပူနှင့်မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်းများတွင် ကျပ် ၇၇သန်းတန်ဖိုးရှိ တရားမဝင်ကုန်စည်များ ဖမ်းဆီးရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။

အဆိုပါ စစ်ဆေးရေးစခန်းများက တင်သွင်း၊ တင်ပို့သော ကုန်ပစ္စည်းများကို စစ်ဆေးမှုပြုလုပ် ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၂၅ ရက်တွင် ရေပူ အမြဲတမ်းစစ်ဆေးရေးစခန်းက တားဆီးမှု ခြောက်မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၃ ဒသမ ၂၁၆ သန်းခန့်)၊ မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်းက တားဆီးမှု နှစ်မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၄ ဒသမ ၂၇၅ သန်းခန့်) စုစုပေါင်းတားဆီးမှု ရှစ်မှု (ခန့်မှန်း တန်ဖိုးငွေကျပ် ၇၇ ဒသမ ၄၉၁ သန်းခန့်)ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထူးခြားဖမ်းဆီးမှုအနေဖြင့် သြဂုတ် ၂၅ ရက် တွင် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်စဉ် MITSUBISHI CANTER ခြောက်ဘီးယာဉ် နှစ်စီးနှင့်TOYOTA SYNA ခြောက်ဘီးယာဉ် တစ်စီးတို့ကို စစ်ဆေးရာ ယာဉ်များပေါ်တွင် သစ်နှင့် သစ်အချောထည်ပစ္စည်း ၁ ဒသမ ၅၆၇၈ တန်၊ ကျွန်းဓားရွေနှင့် ပိတောက်ဓားရွေ ၃ ဒသမ ၈၃၇၆ တန်နှင့် အဆိုပါပစ္စည်းသယ်ဆောင်သည့် ယာဉ် သုံးစီး (စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၇၃ ဒသမ ၂၁၆ သန်းခန့်)အား စစ်ဆေးတွေ့ရှိ၍ သိမ်းဆည်းခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.