Connect with us

Politics, Law & Military

ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရာ တွင် မည်သူတစ်ဦး တစ်ယောက်၏ ညွှန်ကြားစေခိုင်းမှု ကိုမှ လက်ခံမည် မဟုတ်ဟု ဥရောပ သမဂ္ဂ ရွေးကောက်ပွဲ လေ့လာရေးမှူးချုပ် ပြောကြား

ရန်ကုန် ၊ အောက်တိုဘာ ၂၀ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲ အပေါ် ဥရောပ သမဂ္ဂ ရွေးကောက်ပွဲ လေ့လာရေး အဖွဲ့မှ စောင့်ကြည့် လေ့လာရာ တွင် မည်သူ တစ်ဦး တစ်ယောက်၏ ညွှန်ကြားချက် ၊ စေခိုင်းမှုများ ကို မှ လက်ခံမည် မဟုတ်ဘဲ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ အပေါ်တွင်လည်း ဝင်ရောက် စွက်ဖက်မည် မဟုတ်ကြောင်း ဥရောပ သမဂ္ဂ ရွေးကောက်ပွဲ လေ့လာရေးမှူးချုပ် Alexander Graf Lambsdorff က ယနေ့အောက်တိုဘာ ၂၀ ရက် ရန်ကုန်မြို့၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဥရောပ သမဂ္ဂ ရွေးကောက်ပွဲလေ့လာရေး အဖွဲ့၏ လေ့လာရေးမှူးချုပ် Alexander Graf Lambsdorff ၏ ငါးရက်ကြာ မြန်မာ နိုင်ငံသို့ မထမ ခရီးစဉ် ပြီးဆုံးသည့်နေ့တွင် ခရီးစဉ်နှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ကို ပြုလုပ်ခဲ့ရာ တွင် ဥရောပ သမဂ္ဂ ရွေးကောက်ပွဲ လေ့လာရေး အဖွဲ့၏ လုပ်ဆောင်သွားမည့် အချက်များနှင့် လုပ်ဆောင်ခြင်း ပြုမည် မဟုတ်သည့် အချက်များကို ထည့်သွင်း ရှင်းလင်းပြောကြားခဲ့သည်။

“ကျွန်တော်တို့မလုပ်မယ့် ကိစ္စတွေထဲ မှာ ပထမဆုံးက ဘက်လိုက်မှာ မဟုတ်တဲ့ ကိစ္စပါ။ ကျွန်တော်တို့ဟာ ဘက်မလိုက်ဘဲ နဲ့ကြားနေ မျှမျှတတ ရပ်တည်မှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ မှာ ဘယ်သူ အနိုင်ရတယ် ဆိုတာကို ကျွန်တော်တို့စိတ်မဝင်စားပါဘူး။ ဥရောပ သမဂ္ဂ အဖွဲဝင် နိုင်ငံတွေ ၊ အဖွဲ့အစည်းတွေ ၊ ဥရောပ သမဂ္ဂ နဲ့ဆက်ဆံတဲ့ အဖွဲ့အစည်းတွေရဲ့ ညွှန်ကြားချက် သာမက မြန်မာနိုင်ငံ အစိုးရ ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အပါအဝင် မြန်မာနိုင်ငံ အစိုးရ အဖွဲ့အစည်း တွေရဲ့ ညွှန်ကြားချက် တစ်စုံတစ်ရာ ကို မှ ကျွန်တော်တို့လက်ခံ စဉ်းစား မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ အပြည့်အဝ သီးခြား လွတ်လပ်တဲ့ အဖွဲ အစည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ပြီး ၂ ရက် အကြာ မှာ ထုတ်ပြန်မယ့် လေ့လာ တွေ့ရှိမှုတွေ ပိုင်းခြား သုံးသပ်မှု တွေအတွက် အပြည့်အဝ တာဝန်ယူမှာ ဖြစ်ပါတယ်”ဟု ဥရောပ သမဂ္ဂ ရွေးကောက်ပွဲ လေ့လာရေးမှူးချုပ် ၊ ဥရောပ လွှတ်တော် ၏ ဒုတိယ ဥက္ကဌလည်း ဖြစ်သူ Alexander Graf Lambsdorff က ပြောကြားခဲ့သည်။
ဥရောပ သမဂ္ဂ ရွေးကောက်ပွဲ လေ့လာရေး အဖွဲ့၏ လေ့လာ ရေးမှူးချုပ် Alexander Graf Lambsdorff ၏ ခရီးစဉ်အတွင်း အစိုးရ အရာရှိကြီးများ ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ၊ နိုင်ငံရေး သမားများ ၊ ကိုယ်စားလှယ် လောင်းများ ၊ အရပ်ဘက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ၊ ပြည်တွင်း ရွေးကောက်ပွဲ လေ့လာသူများ ၊ စာနယ်ဇင်းများမှ ပုဂ္ဂိုလ်များနှင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွင် ပါဝင်မည့် ပုဂ္ဂိုလ်များနှင့် တွေ့ဆုံခဲ့သည်။
“ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီနဲ့အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့ရဲ ့ ခေါင်းဆောင်များ ဖြစ်ကြတဲ့ ဒုတိယ ဥက္ကဌ ဦးဌေးဦးနဲ့ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့နဲ့တွေ့ဆုံခဲ့ရာမှာ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များအပေါ် ၎င်းတို့ရဲ့အမြင်များ ၊ စိုးရိမ်မှုများ နဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌက ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ဒီရွေးကောက်ပွဲကို မြန်မာနိုင်ငံ သမိုင်းမှာ အကောင်းဆုံး ရွေးကောက်ပွဲ ဖြစ်အောင် အစွမ်းကုန် ကြိုးစား ဆောင်ရွက်သွားမယ်လို့ကျွန်တော်ကို အာမခံ ပြောကြားသွားခဲ့ပါတယ်။”ဟု ဥရောပ သမဂ္ဂ ရွေးကောက်ပွဲ လေ့လာရေးမှူးချုပ် ၊ ဥရောပ လွှတ်တော်၏ ဒုတိယ ဥက္ကဌလည်း ဖြစ်သူ Alexander Graf Lambsdorff က ပြောကြားခဲ့သည်။
ဥရောပ သမဂ္ဂ ရွေးကောက်ပွဲလေ့လာရေး အဖွဲ့သည် ကြိုတင်ဆန္ဒမဲ ပေးခြင်းများကို အချို့သော မဲဆန္ဒနယ်များတွင် စောင့်ကြည့် လေ့လာမှုများ ပြုလုပ်သွားမည် ဖြစ်သည်။တပ်မတော်သား မဲဆန္ဒရှင်များသည် ကြီးမားသည့် ပမာဏ အရေအတွက် ရှိနေသည့် အတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ခွင့်ပြုချက်အရ တပ်မတော် မဲဆန္ဒနယ်မြေများတွင် ကြိုတင်မဲပေးမှုများကို စောင့်ကြည့်လေ့လာသွားမည် ဖြစ်ပြီး နိုင်ငံတော်လုံခြုံရေး အရ အရေးကြီးသည့် နေရာမှ လွဲ၍ ကျန်သည့် နေရာများသို့လွတ်လပ်စွာ သွားရောက်လေ့လာခွင့်ပြုရန် သဘောတူထားကြောင်း သိရသည်။
ထိုပြင် ဥရောပ သမဂ္ဂ ရွေးကောက်ပွဲလေ့လာရေး အဖွဲ့မှ ရွေးကောက်ပွဲအပြီး နှစ်ရက်အကြာတွင် ရွေးကောက်ပွဲရလဒ်များနှင့် ပတ်သက်ပြီး ကနဦး တွေ့ရှိချက် အစီရင်ခံစာကို ထုတ်ပြန်သွားရန် ရှိပြီး လအနည်းငယ် အကြာတွင် အနာဂတ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲများအတွက် အကြံပေး တင်ပြချက်များ ပါဝင်သည့် အပြီးသတ် အစီရင်ခံစာကို ထုတ်ပြန်သွားရန် ရှိကြောင်း သိရသည်။
ဥရောပ သမဂ္ဂ ရွေးကောက်ပွဲလေ့လာရေး အဖွဲ့သည် ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံ ၂၈ နိုင်ငံ အပြင် နော်ဝေ ၊ ဆွစ်ဇာလန် နှင့် ကနေဒါမှ စုစုပေါင်း လေ့လာသူ ၁၅၀ ဦးခန့်ကို မြန်မာနိုင်ငံ တစ်ဝန်းသို့စေလွှတ်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117