Connect with us

Politics, Law & Military

ပြည်ပရောက် မြန်မာများ ကြိုတင် မဲဆုံးရူံးမှု အတွက် ကော်မရှင် နှင့် သက်ဆိုင်ရာ သံရုံးများ ပူးပေါင်း ဆောင်ရွက်

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက သတင်းထောက်များ၏ မေးခွန်းများအား ဖြေကြားနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ အတွက် ပြည်ပရောက် မြန်မာများ ကြိုတင်မဲ ပေးရာတွင် မဲစာရင်း၌ ပါဝင်သော်လည်း မဲပေးခွင့် ဆုံးရှုံး ခဲ့သူများ ပြန်လည် မဲပေးခွင့် ရရှိရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် သက်ဆိုင်ရာ သံရုံးများ ပူးပေါင်း ဆောင်ရွက်နေကြောင်း ယနေ့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး က ပြောကြားသည်။

ပြည်ပ နိုင်ငံ ၃၇ နိုင်ငံရှိ သံရုံး ၄၄ ရုံးတွင် ကြိုတင် မဲပေးနေသည့် မြန်မာများ အနေဖြင့် မဲပေးရန် ပုံစံ ၁၅ တောင်းခံပြီး ပြန်လည် ပေးပို့ရာတွင် ပြည်တွင်း လိပ်စာများ မှားယွင်းနေခြင်း၊ မဲစာရင်းအမည် မပါခြင်း၊ မဲလက်မှတ်ပေါ် တွင် မဲရုံတာဝန်ရှိသူ၏ လက်မှတ် မပါဝင်ခြင်း နှင့် သတ်မှတ်ထား သည့် မဲပြား အရေအတွက် အပြည့် မဲပေးနိုင်မူ မရှိခြင်း စသည့် ပြဿနာ များ ကြုံတွေ့နေရကြောင်း၊ ယင်း ပြဿနာများ ကို သက်ဆိုင်ရာ သံရုံးများနှင့် ကော်မရှင် ညှိနှိုင်း ဆောင်ရွက် နေကြောင်း ၎င်း ကဆိုသည်။

အဆိုပါ ပြည်ပရောက် မြန်မာများ မဲပေး ခွင့် ဆုံးရှုံးနေမှု သည် သက်ဆိုင်ရာ သံရုံးများ၏ ဝန်ထမ်း များ ရွေးကောက်ပွဲ နှင့် ပတ်သက်သော အသိပညာ နည်းပါးခြင်း နှင့် ဝန်ထမ်း မလုံလောက်ခြင်းကြောင့် ဖြစ်ကြောင်း ဥက္ကဌ ဦးတင်အေးက ပြောသည်။

ပြည်ပရောက် မြန်မာနိုင်ငံသား များ ကြိုတင်မဲ ပေးနိုင်ရေးအတွက် အောက်တိုဘာ ၁၃ ရက်နေ့ မှ ၁၈ရက် နေ့ထိ ကြိုတင် ဆန္ဒမဲပေးသူ ၁၇,၄၉၈ ဦးရှိပြီဖြစ်သည်။

ဂျပန်နိုင်ငံ ရောက် မြန်မာ တစ်သောင်းကျော် ရှိသည့်အနက် ကြိုတင်မဲပေးရန် စာရင်းပေးသွင်း ထားသူမှာ တစ်ထောင်ကျော်သာ ရှိသည်မဲပေးရန် ၁,၁၄၈ ဦးစာရင်း ပေးသွင်းရာ ၈၀၀ ကျော် လာ ရောက်မဲပေးခဲ့ပြီး လူဦးရေ ၄၀ ကျော်သည် မဲလက်မှတ် များ မရရှိကြခြင်း ဖြစ်သည်။
ကိုရီးယား ရောက် မြန်မာများ မဲပေးမှုတွင် မဲပေးရန်ပုံစံ ၁၅ တင်သွင်းထားသူ အရေအ တွက် ၆,၃၁၁ ဦးရှိခဲ့သော်လည်း မဲပေးခွင့်ရရှိသူ စာရင်းမှာ ၃,၇၈၈ ဦးသာရှိခဲ့သည်။
၂၀၁၅ ခုနှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ အတွက် ပြည်ပရောက် မြန်မာနိုင်ငံသားများ ကြိုတင် ဆန္ဒမဲ ပေးနိုင်ရန် အာရှ ၊ ဥရောပ နိုင်ငံများရှိ သက်ဆိုင်ရာ သံရုံး ၄၄ ရုံးသို့မဲအရေအတွက် ၃၄,၀၀၀ ကျော်ကို ပေးပို့ထားကြောင်း သိရသည်။
ပြည်တွင်းရှိ ကြိုတင်မဲ ပေးလိုသူများ သည် ယခုလ ၂၇ ရက်နေ့မှ စတင်ပြီး ကြိုတင်မဲပေး နိုင်မည်ဖြစ်သည်။ (Xinhua)