Connect with us

Politics, Law & Military

ရှမ်းပြည်နယ်၌ ငွေကျပ် ၃.၃၈ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ထိန်းချုပ်ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ  မီးရှို့ဖျက်ဆီး

မီးရှို့ဖျက်ဆီးမည့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ထိန်းချုပ် ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများအားတွေ့ရစဉ်(MOI)

ရန်ကုန်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့၌ယနေ့(ဇွန်လ ၂၃ ရက်)တွင်  (၃၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲ သုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ်ငွေကျပ် ၃.၃၈ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ထိန်းချုပ်ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများအား ဖျက်ဆီးမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနကထုတ်ပြန်သော သတင်းအရ သိရသည်။

ကွတ်ခိုင်မြို့၊ မြို့မရဲစခန်း၌ အမှုဖွင့်ထားသည့် မူးယစ်ဆေးဝါးအမှုစုစုပေါင်း(၅၅)မှုမှ ကာလ တန်ဖိုး စုစုပေါင်းကျပ်ငွေ ၃.၃၈ ဘီလီယံကျော် တန်ဖိုးရှိ သက်သေခံထိန်းချုပ်ဓာတုပစ္စည်း အမျိုးအစားစုစုပေါင်း(၄၇)မျိုးနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာ၌ အသုံးပြုသည့် ဆက်စပ်ပစ္စည်းအမျိုးအစား စုစုပေါင်း(၅၀)မျိုးတို့ကို ဖျက်ဆီးသွား မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖျက်ဆီးမည့် မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို ကွတ်ခိုင်မြို့နယ်၊ လွယ်ခန်ကျေးရွာ အနီး တစ်ဝိုက်တွင်တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ ပူးပေါင်းဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ကွတ်ခိုင်မြို့၊ကချင် သင်္ချိုင်း ကုန်းအနီး အမှိုက်စွန့်ပစ်သည့်နေရာ၌ ဖျက်ဆီးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၀ပြည့်နှစ် ဇွန် (၂၆)ရက်တွင် ကျရောက်မည့် (၃၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ တွင် မြန်မာတစ်နိုင်ငံလုံးရှိဖမ်းဆီးရမိထားသော မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117