Connect with us

Politics, Law & Military

လျှပ်စစ်ဓာတ်အား ၃၀၀၀ မဂ္ဂါဝပ်အား (၃)နှစ်အတွင်း တိုးမြှင့် ထုတ်လုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်မည်

လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ကိစ္စရပ်များနှင့် ပက်သတ်သော ဆွေးနွေးပွဲ ကျင်းပစဉ်(ဓာတ်ပုံ- MOI)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)

လက်ရှိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ပမာဏ (၃၀၀၀) မဂ္ဂါဝပ်မှ နောက်ထပ် (၃၀၀၀) မဂ္ဂါဝပ်အား (၃)နှစ်အတွင်း တိုးမြှင့် ထုတ်လုပ်နိုင်ရန် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။

လျှပ်စစ်ဓာတ်အား လိုအပ်ချက် များစွာဖြင့် နေထိုင်ခဲ့သော ကာလမှာ များစွာကြာပြီ ဖြစ်ကြောင်း၊ နောက်ထပ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု (၃၀၀၀) မဂ္ဂါဝပ်အား (၃)နှစ်အတွင်း ထုတ်လုပ်နိုင်ရေး စတင်ဆောင်ရွက်ရန် အသိပေး ပြောကြားခဲ့ကြောင်း၊ အဆိုပါ စီမံကိန်းများနှင့် အတူ လျှပ်စစ် ဓာတ်အား ပို့လွှတ်နိုင်ရေး အတွက် ဓာတ်အား လိုင်းအသစ်များအား (500)kV စနစ်များဖြင့် စတင် တည်ဆောက်ရန် စီစဉ်ခဲ့ကြောင်း၊ အဆိုပါ တည်ဆောက်ရေး လုပ်ငန်းများအား တိုင်းပြည်၏ ဘဏ္ဍာငွေအပေါ် မှီခိုဆောင်ရွက်ခြင်း မပြုဘဲ Private Sector က တည်ဆောက်ရန် စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

၂၀၂၁ ခုနှစ် တွင် ပြည်တွင်းမှ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု ကျဆင်းလာချိန်တွင် စုစုပေါင်း (၆၀၀၀) မဂ္ဂါဝပ် ထုတ်လုပ်နိုင်ရေး အချိန်ကာလအရ တပြိုင်နက်တည်း စီမံဆောင်ရွက်ရန် ပြင်ဆင်ခဲ့ခြင်း ဖြစ်ကြောင်း၊ အခြား တစ်ဖက်တွင်လည်း ရေအားလျှပ်စစ် စီမံကိန်းများ ထုတ်လုပ်နိုင်သည့် အရင်းအမြစ်များ နိုင်ငံတော်တွင် များစွာ ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

တစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိရေး အိမ်သုံးနှင့် အသေးစား၊ အလတ်စား၊ အကြီးစားစက်မှု လုပ်ငန်းများ အားလုံးကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနိုင်ရေး အတွက် Link Area များ သတ်မှတ် ဆောင်ရွက်မှုအား ကာလတိုအနေဖြင့် စီမံဆောင်ရွက်လျှက် ရှိကြောင်း၊ လျှပ်စစ် ဓာတ်အားနှင့် လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ရေးအား Master Plan မဟာစီမံကိန်းအား တစ်ပြိုင်နက်တည်း ဆောင်ရွက်လျက် ရှိကြောင်း၊ ၎င်းကဏ္ဍနှစ်ရပ်လုံး အတွက် ၂၀၂၀ စီမံချက်နှင့် ၂၀၂၅ စီမံချက်များအား နိုင်ငံတော်သို့ တင်ပြ အတည်ပြု ဆောင်ရွက်လျက် ရှိကြောင်း ၎င်းက ဆိုသည်။

စက်မှုဇုန်များ အတွက် လိုအပ်သော လျှပ်စစ်ဓာတ်အားများကို Phase by Phase အဆင့်ဆင့်ဖြင့် ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း ဦးဝင်းခိုင်က ပြောသည်။

လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ကိစ္စရပ်များနှင့် ပတ်သက်၍ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ စက်မှု ကုန်ထုတ်လုပ်သူများ အသင်းနှင့် ညှိနှိုင်း ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၉ နာရီတွင် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ ရန်ကုန်မြို့၌ ကျင်းပခဲ့ကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117