Connect with us

Politics, Law & Military

အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ ခရီးသည်နှင့် ကုန်စည်များ သယ်ဆောင် သွားလာမှု သဘောတူ စာချုပ် မြန်မာနိုင်ငံ၌ လက်မှတ်ရေးထိုး ချုပ်ဆိုနိုင်ရေး စီစဉ် ဆောင်ရွက်လျှက်ရှိ

မြန်မာ-ထိုင်းနယ်စပ်တွင် ဖြတ်သန်းသွားလာနေသော ကုန်တင် ကားတစ်စီးအား မြင်တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ)

အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအကြားနှင့် နိုင်ငံ အချင်းချင်း ခရီးသည် နှင့် ကုန်စည်များအား မော်တော်ယာဉ်ဖြင့် သယ်ဆောင် သွားလာမှု သဘောတူ စာချုပ်နှင့် သက်ဆိုင်သည့် ညှိနှိုင်း အစည်းအဝေးများကို အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့တွင် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ၌ လက်မှတ်ရေးထိုး ချုပ်ဆိုနိုင်ရေး စီစဉ် ဆောင်ရွက်လျှက် ရှိကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ သိရသည်။

ယခုအခါတွင် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအကြားနှင့် နိုင်ငံ အချင်းချင်း ခရီးသည်နှင့် ကုန်စည်များအား မော်တော်ယာဉ်ဖြင့် သယ်ဆောင် သွားလာမှု သဘောတူ စာချုပ်ဆိုင်ရာ စမ်းသပ် မောင်းနှင်မှု(Trail Run) ချစ်ကြည်ရေး ခရီးစဉ် အဖွဲ့များသည် လမ်းကြောင်းကြည့် စမ်းသပ် မောင်းနှင်ခြင်းများ ပြုလုပ်လျှက် ရှိကြောင်း သိရသည်။

အိန္ဒိယ-မြန်မာ-ထိုင်းခရီးသည်နှင့် ကုန်စည်ပို့ဆောင်မှုတွင် အိန္ဒိယနိုင်ငံ ကိုးလ်ကတ္တားမြို့မှ အမှတ် (၃၉) အမြန်လမ်းမကြီးအတိုင်း ဂူဝါဟာ တီမြို့ -အင်ဖာ- မိုးရေး မြို့များအထိ မောင်းနှင်ပြီး မြန်မာနိုင်ငံ တမူး-ကလေးဝ-ယာကြီး-ယင်းမာပင်-ပုလဲ-ပခုက္ကူ- ညောင်ဦး-ကျောက်ပန်း တောင်းမှ အမြန်လမ်းပေါ်တက်ပြီး ဘောနတ်ကြီးဘုရားကြီးအထိ၊ ၎င်းမှ ကျိုက်ထို-ဘီးလင်း-သထုံ-ဘားအံ-မြဝတီ၊ ယင်းမှထိုင်းနိုင်ငံမဲဆောက်အထိ ပြေးဆွဲသွားရန် စီစဉ်ထားကြောင်း သိရသည်။

အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ ခရီးသည်နှင့် ကုန်စည်ပို့ဆောင်မှုလုပ်ငန်း များအား သက်ဆိုင်ရာနိုင်ငံ အစိုးရ အဖွဲ့အစည်းများ ဆွေးနွေးလျက်ရှိ ပြီး သုံးနိုင်ငံအစိုးရများ သဘောတူညီမှု လက်မှတ်ထိုးပြီးပါက၂ဝ၁၆ ခုနှစ် နှစ်လယ်ပိုင်းတွင် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်မှု လုပ်ငန်းများ စတင်နိုင်မည်ဟု ဆိုသည်။

ထိုပြင် မြန်မာနိုင်ငံအနေဖြင့် မော်တော် ယာဉ်မောင်းနှင်သူများ ပြည်ပနိုင်ငံများတွင် မောင်းနှင်နိုင်ရေး၊ နိုင်ငံတကာအဆင့်မီ Chip ပြားထည့် သွင်းထားသော ယာဉ်မောင်းလိုင်စင် များ ၂ဝ၁၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် ထုတ်ပေးနိုင်ရေး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ စီစဉ် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဖြတ်သန်းသွားလာမည့်ယာဉ်များ စစ်ဆေး ရေးအတွက် ဂိတ်နေရာများသတ်မှတ်ခြင်းကို အကောက်ခွန်ဦးစီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)