Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101
(၇) ကြိမ်မြောက် တစ်နိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး ဆွေးနွေးပွဲ မတ်လ (၃၀) ၌ ဆက်လက် ဆွေးနွေးမည် - Xinhua News Agency
Connect with us

Politics, Law & Military

(၇) ကြိမ်မြောက် တစ်နိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး ဆွေးနွေးပွဲ မတ်လ (၃၀) ၌ ဆက်လက် ဆွေးနွေးမည်

(၇) ကြိမ်မြောက် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၂၂ ရက် (ဆင်ဟွာ)

မြန်မာအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ ဆွေးနွေးနေသော တစ်နိုင်ငံလုံး အပစ်ခတ် ရပ်စဲရေးသဘောတူစာချုပ် (NCA) မူကြမ်း ဆွေးနွေးပွဲကို တစ်ပတ်ခန့် ယာယီ ရပ်နားမည်ဖြစ်ကြောင်းနှင့် မတ်လ (၃၀) ရက်နေ့တွင် ဆက်လက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

(၇)ကြိမ်မြောက် တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး ဆွေးနွေးပွဲကို ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာ၌ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC)နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)တို့ (၆) ရက်ကြာ ဆွေးနွေးခဲ့ပြီး (၇) ရက်မြောက်နေ့အဖြစ် ဆက်လက်ဆွေးနွေးရန် မတ်လ (၃၀)ရက်နေ့ကို ရွှေ့ဆိုင်းလိုက်သည်။

အဆိုပါ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး မူကြမ်းဆွေးနွေးပွဲကို (၇) ကြိမ်မြောက်မှာတင် အပြီးသတ် ဆွေးနွေးရန် နှစ်ဖက်ခေါင်းဆောင်များက လိုလားကြပြီး လက်ရှိ(၇)ကြိမ်မြောက် ဆွေးနွေးပွဲမှာတင် အပစ်ခတ်ရပ်စဲရေး မူကြမ်းကို အပြီးသတ်ဆွေးနွေး နိုင်ရန် မျှော်လင့်ကြောင်း (NCCT) အဖွဲ့ဝင် ဦးခွန်ဥက္ကာက ပြောကြားသည်။

(NCA) မူကြမ်းရရှိရေး ဆွေးနွေးပွဲ (၆) ရက်မြောက်နေ့၌ အခန်း (၆) ကြားကာလအစီအစဉ်နှင့် အခန်း (၇) အထွေထွေများကို ဆွေးနွေးခဲ့သည်။

(NCA) မူကြမ်း၌ အခန်း(၇)ခန်း၊ အပိုဒ် (၃၀)နှင့် အပိုဒ်ခွဲ (၈၁) ပုဒ်ပါရှိပြီး မတ်လ (၃၀) ရက်နေ့မှာ ဆွေးနွေးရန် အချက်လေးချက်သာ ကျန်ရှိသည်။

အခန်း (၆) တွင် ကြားကာလဆိုသည့် အချက်တစ်ချက် ဆွေးနွေးရန်၊ အခန်း(၃) အပိုဒ် (၆) မှာပါသည့် လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းရေးဆိုသော နေရာ၌ စကားလုံးရွေးရန်နှင့် အခန်း(၅)တွင်ရှိသည့် အပိုဒ် (၂၁) နှင့်(၂၂) နိုင်ငံရေး တွေ့ဆုံဆွေးနွေးခြင်းဆိုသည့် နေရာတွင် စကားလုံး တစ်လုံးရွေးရန်သာ ကျန်ရှိသည်။

“(၇) ရက်မြောက်နေ့မှာ ပြန်ဆွေးနွေးမယ်၊ ကျွန်တော်တို့နိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ နှစ်ပေါင်း (၆၅)နှစ်နဲ့စာရင် ဒီအချက်တစ်ချက်နဲ့ အပိုဒ် (၃)ခု ကျန်တာဟာ တော်တော် ကြီးခရီးရောက်တယ်၊ ဒီ( ၃၀) ရက်နေ့မှာ ပြီးပြတ်သွားဖို့ မျှော်လင့်တယ်” ဟု (UPWC) မှ ငြိမ်းချမ်းရေး အကြံပေး ဦးလှမောင်ရွှေက ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.