Connect with us

Politics, Law & Military

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် တွင် ယာဉ်တိမ်းမှောက်၍ ကလေး ၁ ဦးသေ၊ ၁၀ ဦး ဒဏ်ရာရရှိမှုဖြစ်ပွား

မော်တော်ယာဉ်တိမ်းမှောက်မှုအားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ မတ် ၂၁ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် တွင် မော်တော်ယာဉ်တိမ်းမှောက်၍ ကလေး ၁ ဦးသေ၊ ၁၀ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှယနေ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၉ခုနှစ်၊ မတ်လ ၂၀ ရက်၊ ၀၉း၃၀ နာရီ မိုးညှင်းမြို့နယ်၊ မော်ဟန်ကျေးရွာ၊ လွယ်ခမ်း တောင်အတက် မိုင်တိုင် (၁၈၀/၇)နှင့်(၁၈၁/ဝ)ကြား၌ ဗန်းမောက်မြို့နယ်၊ ဇလုံတောင် ဘုရားဖူးပြီး ဖားကန့်သို့ ပြန်လာသည့် နေမျိုးဦး(၄၃)နှစ်၊ (ဘ) ဦးတင်ဦး၊ မရှီကထောင်ရပ်ကွက်၊ ဖားကန့်မြို့နယ်နေသူ မောင်းနှင်သော ရွှေညီကို ယာဉ်လိုင်းမှ 3N/xxxx Mini Bus ယာဉ် သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဝဲ ဘက်ခြမ်း အနက် ၁၅ ပေခန့် ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့ကြောင်း သိရသည်။

ထိုဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါခရီးသည် ၁၃ ဦး(ကျား ၉၊ မ ၄)ဦး အနက် ချမ်းကိုကိုလင်း(၁)နှစ်(၃)လ၊ (ဘ)ဦးမင်းမင်း၊ ဆိုင်းတောင်ကျေးရွာ၊ ဖားကန့်မြို့နယ် နေသူတွင် ဦးခေါင်းဖူးရောင်၊ နှာခေါင်းသွေးထွက်ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး ကျော်မင်းထွန်း(၃၆)နှစ်၊ (ဘ)ဦးညွန့်ဝေ၊ ဆိုင်းတောင်ကျေးရွာနေသူပါ ၁၀ ဦး(ကျား ၇၊ မ ၃)တို့တွင် ဖူးရောင်/နာကျင်/ပေါက်ပြဲ ဒဏ်ရာများ (မစိုးရိမ်ရ)တို့ ရရှိခဲ့သဖြင့် ၁၀း၂၀ နာရီ တွင် မိုးညှင်းခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး နေမျိုးဦး(၄၃)နှစ်အား မိုးညှင်းမြို့မရဲစခန်းယာဉ်(ပ)၈/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/ ၃၃၇(ပေါ့လျော့မှုကြောင့် လူသေမှု/ပြင်းထန်/ သာမန် နာကျင်စေမှု)ဖြင့် အမှုဖွင့်စစ်ဆေး လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.