Connect with us

Politics, Law & Military

ကောင်းမွန်သော အုပ်ချုပ်ရေး ဖြစ်စေရန် ဆောင်ရွက်လျက် ရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ပြောကြား

International Development Association ၏ “IDA- 182 th Replenishment Meeting” အစည်းအဝေး ကျင်းပနေစဉ် (ဓာတ်ပုံ-MOFA)

ရန်ကုန် ၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

အုပ်ချုပ်မှု ယန္တရားအား ကောင်းမွန် ဖွံ့ဖြိုးပြီး ကောင်းမွန်သော အုပ်ချုပ်ရေး Good Governance ဖြစ်စေရန် ဆောင်ရွက်လျက် ရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ယနေ့ဇွန်လ ၂၁ ရက်တွင် နေပြည်တော်၌ World Bank Group အုပ်စုဝင် International Development Association မှ ပြုလုပ်သော အစည်းအဝေးတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ အစိုးရအနေဖြင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရေး တို့ကို ဆောင်ရွက်လျက် ရှိကြောင်း၊ ရာသီဥတု ပြောင်းလဲမှုကြောင့် သဘာဝဘေး အန္တရာယ်များကို ရင်ဆိုင် ကျော်လွှား နေရကြောင်း၊ ကျား/မ တန်းတူညီတူ ဖွံ့ဖြိုး တိုးတက်မှု ရှိရေးနှင့် အလုပ်အကိုင်များ ဖန်တီးပေးမှု တို့ကို ဆောင်ရွက်လျက် ရှိကြောင်း “IDA- 182 th Replenishment Meeting” အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားခဲ့သည်။
International Development Association သည် World Bank အုပ်စုဝင် အဖွဲ့အစည်း တစ်ခုဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံပေါင်း ၁၇၃ နိုင်ငံမှ ရှယ်ယာဝင်များအဖြစ် ပါဝင်၍ ကမ္ဘာ့ ဝင်ငွေ အနည်းဆုံး နိုင်ငံများ၏ စီးပွားရေး ဖွံ့ဖြိုးရေး ၊ ကျား/မ တန်းတူရှိရေး နှင့် ပြည်သူများ လူနေမှု အဆင့်အတန်း မြှင့်တင်ပေးရေး ဆိုင်ရာ စီမံချက်များ အတွက် အတိုးနှုန်း သက်သာစွာဖြင့် ချေးငွေများ ပံ့ပိုးပေးနေသည့် အဖွဲ့အစည်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.