Connect with us

Politics, Law & Military

နိုင်ငံတော် သမ္မတနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီဇင်ဘာ ၂ ရက်၌ အမျိုးသား ရင်ကြားစေ့ရေးအတွက် သီးသန့်စီ တွေ့ဆုံဆွေးနွေးမည်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော် သမ္မတရုံး၌ ငါးပွင့်ဆိုင် ဆွေးနွေးပွဲ မကျင်းပမီ ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့က လက်ဆွဲ နှုတ်ဆက်နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ)

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နှင့် ဒီဇင်ဘာလ ၂ ရက်တွင် အမျိုးသား ရင်ကြားစေ့ရေး အတွက် သီးသန့်စီ တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်များ အရ သိရသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာလ ၂ ရက် နံနက်ပိုင်းတွင် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးထံမှ သိရသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ ဆွေးနွေးရန် အစီအစဉ်ကို ဒီဇင်ဘာလ ၂ ရက် မွန်းလွဲ ၂ နာရီတွင် ကာကွယ်ရေး ဦးစီးချုပ်ရုံး အတွင်းရှိ ဧည့်ရိပ်သာ၌ စီစဉ်ထားကြောင်း ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့အား တွေ့ရစဉ် (ဆင်ဟွာ)

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရရှိသော ရလဒ်များ ထွက်ပေါ်ပြီးနောက် အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းတို့ကို သီးသန့်စီ တွေ့ဆုံခွင့်တောင်းဆိုခဲ့သည်။

ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့သည် ရွေးကောက်ပွဲ ကျင်းပပြီးနောက် နိုဝင်ဘာလတွင် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117