Connect with us

Politics, Law & Military

ချင်းပြည်နယ် တီးတိန်မြို့နယ်၌ လေသေနတ် ၁ လက်နှင့် ကျည် ၃၅၀ တောင့် ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူအား လေသေနတ် နှင့် အတူတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

ချင်းပြည်နယ် တီးတိန်မြို့နယ်၌ လေသေနတ် ၁ လက်နှင့် ၎င်းကျည် ၃၅၀ တောင့် ဖမ်းဆီးရမိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့ ၁ရး၅၀ နာရီ အချိန်တွင် ခိုင်ကမ်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါ ပူးပေါင်းအဖွဲ့သည် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ကျီခါးမြို့မှ ကလေးမြို့သို့ ဦးဂင့်ဒုန်ပေါင်(၃၁)နှစ် သဇင်ရပ်ကွက် ကလေးမြို့နေသူ မောင်းနှင်လာသည့် 7F/**** Town Ace ပြည်ချစ်သား ခရီးသည်တင်ယာဉ်ပေါ်ပါ ခရီးသည် ပြည့်ဖြိုးသိန်း(၂၉)နှစ် ဆွမ်းဘမ်းကျေးရွာ တွန်းဇံမြို့နယ်နေသူထံမှ ခါက်ချိုး လေသေနတ် ၁ လက်နှင့် ၎င်းကျည် ၃၅၀ တောင့် တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးသိန်း အား ခိုင်ကမ်းနယ်မြေရဲစခန်း (ပ)၂၄/၂၀၁၈၊ လက်နက်အက်ဥပဒေပုဒ်မ ၁၉(စ) ဖြင့်အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်းသတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.