Connect with us

Politics, Law & Military

ငြိမ်းချမ်းရေးသည် မြန်မာတစ်မျိုးသားလုံး ပြည်ထောင်စုတစ်ခုလုံး၏ ဂုဏ်သိက္ခာ၊ ဂုဏ်အင်္ဂါနှင့် သက်ဆိုင်ပါကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းဆို

ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း မိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

ငြိမ်းချမ်းရေးသည် မြန်မာတစ်မျိုးသားလုံး ပြည်ထောင်စုတစ်ခုလုံး၏ ဂုဏ်သိက္ခာ၊ ဂုဏ်အင်္ဂါနှင့် သက်ဆိုင်ပါကြောင်း နှင့် နိုင်ငံသား အားလုံး ပါဝင်ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွင် မိန့်ခွန်း ပြောကြားခဲ့သည်။

နိုင်ငံအတွင်း ပဋိပက္ခများကြောင့် တိုင်းရင်းသား ပြည်သူအများအပြား ဒုက္ခပေါင်းစုံနှင့် ရင်ဆိုင်ကြုံတွေ့နေကြရသည့်အတွက် ဂုဏ်မတင့်နိုင်ကြတာ အားလုံးအသိပဲ ဖြစ်ကြောင်း ၊အိုးမဲ့အိမ်မဲ့၊ မိဘမဲ့၊ စားရမဲ့သောက်ရမဲ့၊ ပြေးလွှားပုန်းအောင်း တိမ်းရှောင် နေရသူတွေဟာ ပြည်တွင်းရော ပြည်ပမှာပါ နေထိုင်လုပ်ကိုင် စားသောက်နေကြရကြောင်း၊ တန်ဖိုးရှိလှသော အသက် နှင့် ခန္ဓာကိုယ်ကို စွန့်ခဲ့ကြရသူတွေ၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ကြရသူတွေဟာ များပြားလှပြီဖြစ်ကြောင်း၊ အမှားအမှန်၊ အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်ခွင့်မရှိဘဲ တိုက်ခိုက်နေကြသော်လည်း မိမိတို့ဘက်ကသာ မှန်တယ်လို့ ထင်မြင်ယူဆ ပြောဆိုနေကြဆဲပဲ ဖြစ်ကြောင်း၊ အဆုံးသတ်တွင်တော့ တန်ဖိုးရှိလှတဲ့ အမိနိုင်ငံသား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၊ အပြစ်မဲ့ တိုင်းရင်းသားပြည်သူများရဲ့ အသက်နှင့် ခန္ဓာတွေကို စတေးခံရပြီး ဒုက္ခမျိုးစုံ ကြုံတွေ့နေကြရတာပဲ အဖတ်တင်ကျန်နေ ခဲ့ရကြောင်း စစ်၏ခါးသီးစရာ အတွေ့အကြုံများအား သူရဦးရွှေမန်းမှ ထည့်သွင်းပြောကြားခဲ့သည်။

ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ သို့ တက်ရောက်လာသော ကိုယ်စားလှယ်များ (ဆင်ဟွာ)

သူရဦးရွှေမန်းက “စစ်ဘေးရှောင်ဒုက္ခသည်များနှင့် ရွှေ့ပြောင်းအလုပ်သမားများ (IDPs & Refugees) ကိစ္စတွေဟာ ဝမ်းနည်းစရာ အလွန်ကောင်းလှပါတယ်။ ဒီအတွက် မိမိတို့မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရရှိဖို့ မဖြစ်မနေ လိုအပ် နေတယ်၊ ငြိမ်းချမ်းရေးရရှိအောင် လုပ်ဆောင်ကြရမယ်၊ သူ့ကြောင့် ကိုယ့်ကြောင့် လွှဲချနေလို့ မဖြစ်တော့ဘူး’’ ဟုပြောသည်။

ငြိမ်းချမ်းရေးသည် တရားဥပဒေစိုးမိုးမှုအောက်မှာသာ ဖြစ်ထွန်းတည်ရှိနိုင်မှာ ဖြစ်သည့်အတွက် တရားဥပဒေစိုးမိုးအောင်လည်း လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း ၊ တရားဥပဒေ စိုးမိုးနိုင်ဖို့အတွက် တည်ဆဲဥပဒေများကို ခေတ်ကာလအခြေအနေနှင့် လိုက်လျော ညီထွေဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံဖြစ်အောင် ပြင်သင့်တာပြင်၊ ထားရှိ သင့်တာတွေ ထားရှိဖို့ လိုအပ်ကြောင်း၊ တရားမျှတပြီး ပြည်သူများ အမှန်တကယ် လိုက်နာနိုင်သော ဥပဒေများ ဖြစ်ရေး၊ အမှန်တကယ် လိုက်နာနိုင်ရေးအတွက် တာဝန်ရှိအဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များက အမှန်တကယ် တာဝန်ယူတာဝန်ခံ ဆောင်ရွက်နိုင်စွမ်းရှိရမှာ ဖြစ်သလို၊ ပြည်သူများအားလုံးကလည်း ယုံကြည်စွာ ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဆိုသည်။

သူရဦးရွှေမန်းက “ ငြိမ်းချမ်းရေးအတွက် အဖြေရှာဆောင်ရွက်ပေးနိုင်ဖို့ ဒီညီလာခံကြီးမှာ တာဝန်ရှိလာပါပြီ။ နောင် ဆက်လက် အမွေခံဆောင်ရွက်ကြရမည့် နိုင်ငံ ခေါင်းဆောင်များ၊ အစိုးရများ၊ ပါတီများ၊ အဖွဲ့အစည်းများ၊ နိုင်ငံသားများ တွင်လည်း တာဝန် ရှိနေပါပြီ’’ ဟု ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.