Connect with us

Politics, Law & Military

ပထမ အကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသည် လွတ်လပ်ရေး ရပြီး နောက်ပိုင်း စုစည်းနိုင်ခဲ့သည့် အကြီးမားဆုံးသော တိုင်းပြု ပြည်ပြု ကိစ္စကြီး တစ်ရပ် အစပြုခြင်း ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ပြောကြား


နေပြည်တော် ၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

ပထမ အကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသည် လွတ်လပ်ရေး ရပြီး နောက်ပိုင်းတွင် စုစည်းနိုင်ခဲ့သည့် အကြီးမားဆုံးသော တိုင်းပြု ပြည်ပြု ကိစ္စကြီး တစ်ရပ်ကို အစပြုလိုက်ခြင်း ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ယနေ့ဇန်နဝါရီ ၁၂ ရက် ညီလာခံ အဖွင့်မိန့်ခွန်း ပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေး တည်ဆောက်မှု သမိုင်း တစ်လျှောက် မည်သည့် အခါမှ မရရှိခဲ့သည့် နိုင်ငံရေး တည်ငြိမ်မှုနှင့် ပွင့်လင်း လွတ်လပ်မှု များကို အခြေခံပြီး ယနေ့ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကြီးကို ကျင်းပနိုင်ခြင်းဖြစ်ကြောင်း ၊ ယခုကဲ့သို့ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ စတင် ကျင်းပနိုင်ခြင်းသည် နိုင်ငံရေး အသွင်ကူးပြောင်းမှု တစ်ခုကို စနစ်တကျ စတင်နိုင်ပြီး တည်ငြိမ်သည့် အရွေ ့တစ်ခု ပေါ်ပေါက်ရေးကို စီမံခန့်ခွဲနိုင်ခြင်း၏ အကျိုးရလဒ် တစ်ခု အဖြစ်လည်း ရှုမြင်ကြရမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။

ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ သို့ တက်ရောက်လာသော ကိုယ်စားလှယ်များ (ဆင်ဟွာ)

ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ အခမ်းအနားမြင်ကွင်း (ဆင်ဟွာ)

ထိုပြင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို စတင် ခေါ်ယူ ကျင်းပရခြင်းသည် ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်အရ ပေါ်ပေါက်လာမည့် အစိုးရသစ်ထံ အစိုးရ တာဝန်များကို လွှဲပြောင်းပေးအပ်သည်များထဲတွင် အရေးကြီးဆုံး လုပ်ငန်းစဉ် တစ်ခုအား ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ၊ နောက်အစိုးရသစ် လက်ထက်တွင် ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံအတွက် အခြေခံအုတ်မြစ်ကောင်း ချမှတ်ခြင်း ဖြစ်ပြီး အစိုးရသစ် လက်ထက် ပေါ်ပေါက်လာမည့် ညီလာခံတွင် ရလဒ်ကောင်းများ ပေါ်ထွက်လာရေး အတွက် ယနေ့ဆွေးနွေးမှုများကို အကောင်းဆုံး စုစည်း နိုင်ခြင်းအပေါ် မူတည်မည်ဆိုသည်ကို သတိပြုကြစေလိုပါကြောင်း နိုင်ငံတော် သမ္မတက ပြောကြားခဲ့သည်။

ယခု ညီလာခံကြီးတွင် ဆွေးနွေးညှိနှိုင်း အဖြေရှာရာတွင် လက်တွေ့ကျပြီး အပြုသဘောဆောင်သည့် ဆွေးနွေးမှုများကို ပြုလုပ်ပြီး တိုင်းပြည်အတွက် ရေရှည် အကျိုး ဖြစ်ထွန်းစေမည့် ဆွေးနွေးမှုများ ၊ နိုင်ငံရေး ရွေးချယ်မှုများဖြင့် သဘောတူညီမှုများ ရရှိအောင် ကြိုးပမ်းကြရန် နိုင်ငံတော် သမ္မတက တိုက်တွန်းပြောကြားခဲ့သည်။

ယခု ညီလာခံကြီးမှ စတင်၍ နိုင်ငံရေး ဆွေးနွေးပွဲများတွင် နိုင်ငံရေး ၊ လူမှုရေး ၊ စီးပွားရေး ၊ လုံခြုံရေး ၊ မြေယာနှင့် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ မူဝါဒများ ဆိုသည့် အကြောင်းအရာများကို နိုင်ငံရေး ဆွေးနွေးမှုများ ဆိုင်ရာ မူဘောင်များအတိုင်း ဆွေးနွေးကြရမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.