Connect with us

Politics, Law & Military

ငြိမ်းချမ်းရေး ကော်မရှင် နှင့် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့တွေ့ဆုံ

ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက သတင်းထောက်များအား ပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ မေ ၂၅ ရက်(ဆင်ဟွာ)

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ ဒုတိယ အစည်းအဝေးသို့တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံ မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့နှင့် ငြိမ်းချမ်းရေး ကော်မရှင် မှ တာဝန်ရှိ သူများသည် ယနေ့မေ ၂၅ ရက်တွင် နေပြည်တော်ရှိ Horizon Lakeview ဟိုတယ်၌ တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံမှုများ အပြီး ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက “လာတက်တဲ့ အတွက် တစ်ဖွဲ့ချင်းစီကို ကျေးဇူး တင်စကား ပြောတဲ့ သဘောပါ။အားလုံး နားလည်မှု ရှိတယ်။ ကျေးဇူးတင်တယ်။ ဒါကြောင့် ငြိမ်းချမ်းရေး အတွက် ရည်ရွယ်ချက် တူတဲ့ အတွက် အားလုံးကို နှစ်ဘက်စလုံး တစ်ဘက်နဲ့တစ်ဘက် အားလုံး ကျေကျေနပ်နပ် ဆွေးနွေးဖြစ်တယ်။ အခု ဒီအခွင့်အရေး ရတယ်။ အားလုံးကို ကျေးဇူးတင်တယ်။ နိုင်ငံတော်ဘက်လည်း ကျေးဇူးတင်ဖို့သိပ်ကောင်းတယ်။ ခွင့်ပြုတယ်။ သူတို့ဘက်က လာတာလဲ ကျေးဇူးတင်တယ်။ တရုတ်နိုင်ငံ ကိုလည်း ကျေးဇူးတင်တယ်။ ဘာလို့လဲဆိုတော့ တွေ့ရတယ်။စကား ပြောရတယ်။အဓိကတော့ ယုံကြည်မှု တည်ဆောက်ဖို့အတွက် မျက်နှာချင်းဆိုင် စကားပြောတယ်”ဟု ၎င်းက သတင်းထောက်များအား ပြောကြားခဲ့သည်။

ဝ အဖွဲ့၏ ပြင်ပ ဆက်ဆံရေး ဌာန အကြီးအကဲ ဦးကျောက်ကော်အမ်းက သတင်းထောက်များအား ပြောကြားနေစဉ် (ဆင်ဟွာ)

ထို့အတူ ၀ အဖွဲ့၏ ပြင်ပ ဆက်ဆံရေး ဌာန အကြီးအကဲ ဦးကျောက်ကော်အမ်း က ရင်းနှီးခင်မင်မှုဖြင့် တွေ့ဆုံခဲ့ခြင်း ဖြစ်ကြောင်း ၊ ယခု ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ ဒုတိယ အစည်းအဝေးသည် ချောမွေ့သည့် ဖွင့်ပွဲ ဖြစ်ခဲ့ကြောင်း ၊ ငြိမ်းချမ်းရေး ရအောင် ဆောင်ရွက်သွားမည် ဖြစ်ပြီး ၊ နိုင်ငံ ငြိမ်းချမ်းသွားမည်ဟု ယုံကြည်ပါကြောင်း ၊ ယခုလာရောက်ရာတွင် အစစအရာရာ ဆောင်ရွက်ပေးသည့် အတွက် အစိုးရအား ကျေးဇူးတင်ရှိကြောင်း ၊ ထို့အတူ ပြည်တွင်း ငြိမ်းချမ်းရေးအား ကူညီ ဆောင်ရွက်ပေးသည့် တရုတ် အစိုးရ ၊ သံတမန်များအား ကျေးဇူး တင်ရှိကြောင်း ၊ မကြာမီ နိုင်ငံ ငြိမ်းချမ်းလာနိုင်မည် ဖြစ်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစု ပင်လုံ ဒုတိယ အစည်းအဝေးအား မေလ ၂၄ ရက်တွင် စတင် ကျင်းပခဲ့ရာ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့အပါအဝင် မြန်မာနိုင်ငံ မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ပါဝင် တက်ရောက်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.