Connect with us

Politics, Law & Military

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် နှင့် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ တွေ့ဆုံမည်ဟုဆို

နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွန်ကြားရေးမှုးချုပ် ဦးဇော်ဌေးက သတင်းစာ ရှင်းလင်းပွဲတွင် ဖြေကြားနေစဉ်(ဆင်ဟွာ)

နေပြည်တော် ၊ မေ ၂၅ ရက်(ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ ဒုတိယ အစည်းအဝေးသို့တက်ရောက်ခဲ့သည့် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် မေ ၂၆ ရက်တွင် တွေ့ဆုံမည် ဖြစ်ကြောင်း ယနေ့မေ ၂၅ ရက်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မေ ၂၆ ရက် နေ့လည်ပိုင်းတွင် KIO ဒုတိယ ဥက္ကဋ္ဌ အင်ဘန်လ နှင့် ဇနီး အား နေ့လည်စာဖြင့် တည်ခင်း ဧည့်ခံမည် ဖြစ်ပြီး ၀ ၊ မိုင်းလား ၊ KIO/KIA ၊ SSPP အဖွဲ့များ နှင့် တွေ့ဆုံမည် ဖြစ်ကြောင်း ၊ ထိုနောက် AA ၊ TNLA ၊ MNDAA တို့နှင့် တွေ့ဆုံမည် ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

ထိုသို့တွေ့ဆုံခြင်းသည် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့သည် နေပြည်တော်၌ ကျင်းပ ပြုလုပ်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ ဒုတိယ အစည်းအဝေး နှင့် ဂုဏ်ပြု ညစာစားပွဲသို့တက်ရောက်ခဲ့ပြီး နေပြည်တော်သို့ရောက်ရှိလာသည့် ဧည့်သည်ကို ကြိုဆိုသည့် နွေးနွေးထွေးထွေး ပြုစုသည့် သဘော တွေ့မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။နေပြည်တော်သို့ရောက်ရှိနေသည့် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့နှင့် ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း အပါအဝင် ဦးသိန်းဇော်တို့နှင့် ယနေ့မေ ၂၅ ရက်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.