Connect with us

Politics, Law & Military

မောင်တောမြို့နယ်အတွင်း ငွေကျပ်သိန်း ၃၄၀၀ ခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများအားတွေ့ရစဉ် (ဓာတ်ပုံ--တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ မေ ၂၅ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းနယ်မြေ လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်း သည် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၇၀,၀၀၀ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၃၄၀၀ ခန့်)ကို ဖမ်းဆီးရမိခဲ့ ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ မေ ၂၄ ရက် နံနက် ၉ နာရီခန့်တွင် မောင်တောမြို့၏ အနောက်ဘက် မီတာ ၂၅၀၀ ခန့်အကွာ၌ မသင်္ကာဖွယ်ပိုင်ရှင်မဲ့အထုပ်တစ်ထုပ်အားတွေ့ရှိသဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဖွင့်ဖောက် စစ်ဆေးရာ အဆိုပါ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၇၀,၀၀၀ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၃၄၀၀ ခန့်)ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား အမှတ်(၄၆) မူးယစ်တပ်ဖွဲ့စု(မောင်တော)မှ တာဝန်ရှိသူများထံသို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.