Connect with us

Politics, Law & Military

ပြည်နယ် လေးခုရှိ OSS ရုံးများအတွက် ကျပ် ၃၂၂ သန်းကျော် ထောက်ပံ့

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမ ပုံမှန်အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

ပြည်သူ့ဝန်ဆောင်မှုရုံး(OSS:_ One Stop Shop ရုံး) များသို့ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘတ်ဂျက်မှ နှစ်စဉ် ထောက်ပံ့ လျက်ရှိရာ ၂၀၁၇ -၁၈ ဘဏ္ဍာနှစ်တွင် ပြည်နယ် သုံးခုအတွက် ကျပ် ၂၂၆ ဒသမ ၃၃၁ သန်း၊ ၂၀၁၈ – ၁၉ဘဏ္ဍာနှစ်တွင် ချင်းပြည်နယ်အတွက် ၉၆ ဒသမ ၄၈ သန်း ထောက်ပံ့ခဲ့ ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် အောင်သူက ယနေ့ ပြည်သူ့လွှတ်တော် တွင် ဖြေကြားခဲ့သည်။

“ ၂၀၁၇ – ၁၈ ဘဏ္ဍာနှစ်မှာ ကချင်ပြည်နယ်၇ှိ OSS ရုံး ၁၁ ရုံးအတွက် စက်ပစ္စည်းတွေ ရုံးသုံး ပရိဘောဂတွေ ဝယ်ဖို့ ကျပ် ၁၅၂ ဒသမ ၄၅ သန်း၊ စစ်ကိုင်းတိုင်းဒေသကြီး OSS ရုံး ၁၈ ရုံးအတွက် စက်ပစ္စည်းနဲ့ ပရိဘောဂတွေ ဝယ်ဖို့ ကျျပ် ၄၈ ဒသမ ၈၈၁ သန်း၊ ရှမ်းပြည်နယ် မိုင်းပန်မြို့နယ်ရုံး အတွက် အဆောက်အအုံဆောက်ဖို့ ကျပ် ၂၅ သန်း၊ ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ်အတွက် ချင်းပြည်နယ်မှာ ဟားခါးမြို့နယ်မှ အပ ကျန် ၈ မြို့နယ်အတွက်စက်ကိရိယာနဲ့ ပရိဘောဂတွေသယ်ဖို့ တစ်မြို့နယ် လျှင် ၁၂ ဒသမ ၀၆ သန်းစီ ခွဲဝေထောက်ပံ့ခဲ့ပါတယ်” ဟု ပြည်ထဲရေး ဒုတိယဝန်ကြီးက ပြောသည်။

ပြည်သူ့ ဝန်ဆောင်မှုရုံး(OSS) များ ထူထောင် ဖွင့် လှစ် အကောင်အထည်ဖော်ရေး လုပ်ငန်း ကော် မတီကို ပြည်ထောင်စု အစိုးရအဖွဲ့ရုံးက ၂၀၁၈ ဇူလိုင် ၂၅ရက် နေ့စွဲပါစာဖြင့် ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်အောင်သူအား ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ၎င်းဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးတင်မြင့်အား အတွင်းရေးမှူးအဖြစ်လည်းကောင်း တာဝန်ပေးအပ်၍ အဖွဲ့ဝင် ၁၃ ဦးအပါအဝင် စုစုပေါင်း ၁၅ ဦးတို့ဖြင့် ပြင်ဆင် ဖွဲ့စည်း ဆောင်ရွက်လျက် ရှိကြောင်းလည်း ၎င်းက ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.