Connect with us

Politics, Law & Military

စစ်တွေမြို့တွင် ကျပ်သိန်းပေါင်း ၂,၃၉၄ သန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများအား တွေ့ရစဉ် (ဓာတ်ပုံ-M.O.I)

ရန်ကုန်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

စစ်တွေမြို့ ဆင်ကူးလမ်းရပ်ကွက် အမှတ် (၂) ဘုတ်ဆိပ်ဝင်း အတွင်း ကုန်ပစ္စည်းများ ပို့ဆောင်သည့် နေရာ၌ တန်ဖိုးငွေကျပ် ၂,၃၉၄ သန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း စစ်တွေခရိုင် ရဲတပ်ဖွဲ့မှူး ဝင်းနောင်၏ ပြောပြချက်အရ သိရသည်။

ဖြစ်စဉ်မှာ ဇွန်လ၂၇ ရက် ညနေ ၃ နာရီခန့်က စစ်တွေမြို့ ဆင်ကူးလမ်း ရပ်ကွက် အမှတ် (၂) ဘုတ်ဆိပ်ဝင်း အတွင်း ကုန်ပစ္စည်းများ ပို့ဆောင်သည့် နေရာ၌ မူးယစ်ဆေးဝါးများ ရောက်ရှိနေကြောင်း သတင်း အရ ပြည်နယ် ရဲတပ်ဖွဲ့ဝင်များနှင့် မူးယစ တားဆီးနှိမ်နင်းရေး အဖွဲ့တို့ ပူးပေါင်းပြီး ရှာဖွေ စစ်ဆေးစဉ် ကျော်သူလင်း (၂၄) နှစ်နှင့် အတူ ပီနံအိတ် ခုနစ် အိတ်အား မသင်္ကာဖွယ် တွေ့ရှိရ သဖြင့် ဖွင့်ဖောက် စစ်ဆေးခဲ့ရာ ပီနံအိတ် အတွင်း ဗလာ စာအုပ်များဖြင့် ရောနှောလျက် စိတ်ကြွ ရူးသွပ်ဆေးပြား ၇၉၈,ဝဝဝကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ကွင်းဆက် ပြစ်မှု ကျူးလွန်သူများအား ဆက်လက် ဖော်ထုတ်နိုင်ရန် ဆောင်ရွက်လျက် ရှိပြီး ဖမ်းဆီး ရမိသူများအား အမှုဖွင့် အရေးယူ ကာ ဆက်လက် စစ်ဆေးလျက် ရှိကြောင်း သိရသည်။ ပြည်နယ် အတွင်း ၂ဝ၁၅-၂ဝ၁၆ ခုနှစ် ဇွန်လလယ် အထိ စုစုပေါင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ၈၁ မှု ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.