Connect with us

Politics, Law & Military

ထိုင်းရောက် မြန်မာ အလုပ်သမားအရေး ထိုင်းနိုင်ငံ ဥပဒေများနှင့် အညီ ကာကွယ် စောင့်ရှောက်ရေး ဆွေးနွေး

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီး General Prawit Wongsuwon တို့ တွေ့ဆုံစဉ် (ဓာတ်ပုံ- Senior General Min Aung Hlaing)

ရန်ကုန် ၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများ၏ အရေး ကိစ္စများအား ထိုင်းနိုင်ငံ၏ ဥပဒေများနှင့် အညီ ကာကွယ်စောင့်ရှောက်ရေး တို့ကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် နှင့် ကာကွယ်ရေးဝန်ကြီး General Prawit Wongsuwon တို့ ယနေ့ ဇွန်လ ၂၉ ရက်တွင် နေပြည်တော်၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော် နှစ်ရပ်ကြား ကြည်း၊ ရေ၊ လေ ကဏ္ဍပေါင်းစုံတွင် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များ ၊ တပ်မတော် နှစ်ရပ်ကြား ဆောင်ရွက် နေသည့် TBC ၊ RBC နှင့် HLC အစည်း အဝေး ဆောင်ရွက်နေမှု အခြေအနေများ၊ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့များ အပြန်အလှန် စေလွှတ်ရေး နှင့် သင်တန်း ဆိုင်ရာ ကိစ္စရပ်များ၊ အကြမ်းဖက်မှု တားဆီး ကာကွယ်ရေး ကိစ္စရပ်များနှင့် နှစ်နိုင်ငံ နယ်စပ်ဒေသ လုံခြုံရေး ကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး၊ မူးယစ်ဆေးဝါး ထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်၊ ဖြန့်ဖြူးမှုများကို တူညီသော ခြိမ်းခြောက်မှု တစ်ခုအဖြစ် ထိထိရောက်ရောက် တားဆီးနှိမ်နင်းရေး တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အတူ နှစ်နိုင်ငံ နယ်နိမိတ်ကိစ္စရပ်များ မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန် ဖြစ်စေရေး အတွက် အစိုးရ အဖွဲ့အစည်း များနှင့် ပူးပေါင်း ပါဝင်ဆောင်ရွက်ရေး ၊ နယ်စပ်ဒေသတွင် နှစ်နိုင်ငံ ပူးပေါင်း သစ်ပင်
စိုက်ပျိုးရေးအား ဒေသတွင်း စံပြု Model တစ်ခုအဖြစ် အောင်မြင်အောင် ကြိုးပမ်း လုပ်ဆောင်ရေး တို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အတူ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး General Prawit Wongsuwon နှင့်အတူ ထိုင်းနိုင်ငံအလုပ်သမား
ဝန်ကြီး General Sirichai Distakul ၊ ကာကွယ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် General Preecha Jan-O-Cha ၊ ထိုင်းဘုရင့်တပ်မတော် ကြည်းတပ် ဦးစီးချုပ် General Teerachai Nakwanich ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E.Mr. Pisanu Suvanajata နှင့် စစ်သံမှူးများ၊ တာဝန် ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.