Connect with us

Politics, Law & Military

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲရုံ နှစ်ထောင်ထားရှိမည်

၂၀၁၅ အထွေထွေရွေးကောက်ပွဲ၌ မဲပေးနေသူတစ်ဦးအားတွေ့ရစဉ် (ဓာတ်ပုံ-ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)

၂၀၁၇ ခုနှစ် ဧပြီလ ၁ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲရုံနှစ်ထောင်ထား ရှိမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလ နှင့် နိုင်ငံရေးပါတီ ၂၄ ခုတို့မှ လွှတ်တော် ကိုယ်စားလှယ်လောင်း ၉၅ ဦး ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး လစ်လပ် မဲဆန္ဒနယ်များအတွက် နိုင်ငံရေး ပါတီများမှ လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းမှုများအရ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ မှ ၁၉ ဦး ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)မှ ၁၈ ဦး တို့ဖြင့် အများဆုံး တင်သွင်းထားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် လာမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရင်းကို သက် ဆိုင်ရာ မဲဆန္ဒနယ်မြေများတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကပ်ထားမည်ဖြစ်သည်။

အဆိုပါ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ၉ နေရာ၊ အမျိုးသားလွှတ်တော် ၃ နေရာနှင့် တိုင်းနှင့်ပြည်နယ် ၇ နေရာ၊ စုစုပေါင်း လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာရှိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.