Connect with us

Politics, Law & Military

တစ်သောင်းတန် ငွေစက္ကူအတုဖြင့် စက်လှေလာရောက် ဝယ်ယူသူ ဖမ်းမိ

တစ်သောင်းတန် ငွေစက္ကူအတုဖြင့် စက်လှေလာရောက် ၀ယ်ယူသူနှင့် ငွေတုများအား တွေ့ရစဉ်(ဓာတ်ပုံ- MOI)

ရန်ကုန်၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)

တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် ကဘင်းကျေးရွာအုပ်စု မိုင်းသွေးကျေးရွာ၌ တစ်သောင်းတန် ငွေစက္ကူအတုများဖြင့် စက်လှေလာရောက် ဝယ်ယူသူတစ်ဦးအား ဖမ်းဆီးခဲ့ကြောင်း မြိတ်ခရိုင်ရဲတပ်ဖွဲ့ ထံမှ သိရသည်။

အဆိုပါ မိုင်းသွေးကျေးရွာမှ စက်လှေကို ရနောင်းမြို့နေသူတစ်ဦးက ငွေကျပ် တစ်သောင်းတန် ၁၂၄ရွက် စုစုပေါင်း တန်ဖိုး ကျပ် ၁၂သိန်းဖြင့် လာရောက်ဝယ်ယူခဲ့ကြောင်း၊ ယင်း ငွေများသည် ငွေစက္ကူအတုဟု ယူဆရသဖြင့် ရဲစခန်းထံ တိုင်ကြားခဲ့သည်။

ငွေစက္ကူအတုများဖြင့် စက်လှေဝယ်ယူကာ ငွေပေးချေရန် ငွေတစ်သောင်းတန် ငွေစက္ကူ အတုများအား သုံးစွဲသူ သန်းငွေ(ခ)တိုးငယ်အား ကံမော်နယ်မြေရဲစခန်းမှ (ပ)၄၃/၂၀၁၆၊ မြန်မာနိုင်ငံဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း မြိတ်ခရိုင်ရဲတပ်ဖွဲ့ထံမှ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.