Connect with us

Politics, Law & Military

တပ်မတော်က သတင်းသမားနှင့် လူပုဂ္ဂိုလ် ၈ဦးအပေါ် တရားစွဲဆိုထားသောအမှုများ ရုပ်သိမ်းပေး

The Voice Dailyအယ်ဒီတာချုပ်အား တရားစွဲဆိုထားသော အမှုအတွက် တရားရုံးသို့ လာရောက်သော တပ်မတော်သားများအားတွေ့ရစဉ်(ဓာတ်ပုံ-သာလွန်)

ရန်ကုန်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

တပ်မတော်က သတင်းသမားများနှင့် လူပုဂ္ဂိုလ် စုစုပေါင်း ၈ဦးအပေါ် တရားစွဲဆိုထားသော အမှုများအား ရုတ်သိမ်းပေးလိုက်ကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ ယနေ့ စက်တင်ဘာ ၁ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) က တရားဝင်စာဖြင့် အကြောင်းကြားလာကြောင်း သိရသည်။

တပ်မတော်က ရာဇသတ်ကြီး ပုဒ်မ-၅၀၂ဖြင့် တရားစွဲဆိုထားသော ဦးဝေဖြိုး (အယ်ဒီတာချုပ်၊ The Daily Eleven)၊ သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၅(ခ)/ဆက်သွယ်ရေးဥပဒေ ပုဒ်မ -၆၆ (ဃ)ဖြင့် တရားစွဲဆိုထားသော

ဦးကျော်မင်းဆွေ (အယ်ဒီတာချုပ်၊ The Voice Daily)နှင့် ဗြိတိသျှကိုကိုမောင် (ကလောင်ရှင်)၊ မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇(၁)ဖြင့် တရားစွဲဆိုထားသော ဦးအေးနိုင် (အကြီးတန်းသတင်းထောက်၊ DVB)၊ဦးပြည့်ဘုန်းအောင် (အကြီးတန်းသတင်းထောက်၊ DVB)နှင့် ဦးသိန်းဇော် (အကြီးတန်းသတင်းထောက်၊ ဧရာဝတီ)၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၅၀၅ (ခ)ဖြင့် တရားစွဲဆိုထားသော ဦးထင်ကျော် (ခ) ဦးကျော်ထင်

နှင့် ဝေယံသိန်း(ခ) ဗစ်တာ (ဒုတိယဥက္ကဌ၊တောင်ငူ ဗကသ) နှင့်အဖွဲ့အား စသည်တို့ကို တရားစွဲဆိုမှုများမှ ရုတ်သိမ်းပေးလိုက်ကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ အကြောင်းကြားစာတွင် ရည်ရွယ် ရပ်တည်မှု တူညီစွာဖြင့် နိုင်ငံနှင့် ပြည်သူ့အကျိုးကိုအတူတကွ သယ်ပိုးထမ်းဆောင်မှုအား အသိအမှတ်ပြုပြီး နိုင်ငံတော်နှင့်ပြည်သူများ၏ အကျိုးစီးပွားကို အတူလက်တွဲ လုပ်ဆောင်နိုင်ရန် အလို့ငှာ တပ်မတော်အနေဖြင့် ယခင်ကဖြစ်ပျက်ခဲ့မှုများအားသင်ပုန်းချေ၍ ဖေါ်ပြပါ သတင်းသမားနှင့် လူပုဂ္ဂိုလ် (၈)ဦးအပေါ် စွဲဆိုထားသည့်အမှုများကိုရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.