Connect with us

Politics, Law & Military

အစိုးရ တာဝန် လွှဲပြောင်းမှုများ စနစ်တကျ ချောမွေ့အဆင်ပြေရေး ပဉ္စမအကြိမ် ညှိနှိုင်းအစည်းအဝေး မတ်လလယ်တွင် ပြုလုပ်ရန် သဘောတူ

နိုင်ငံတော်အကြီးအကဲ တာဝန်လွှဲပြောင်းမှု စနစ်တကျ ရှိစေရေးနှင့် ဝန်ကြီးဌာနများ လွှဲပြောင်းမှု ချောမွေ့အဆင်ပြေရေး စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပနေစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန် ၊ မတ် ၁၁ ရက် (ဆင်ဟွာ)

နိုင်ငံတော်အစိုးရ နိုင်ငံတော် အကြီးအကဲ တာဝန် လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီ နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အသွင် ကူးပြောင်းရေးအဖွဲ့တို့အကြား ပဉ္စမအကြိမ် ညှိနှိုင်း အစည်းအဝေးအား မတ်လလယ်တွင် ပြုလုပ်ရန် ယနေ့မတ်လ ၁၁ ရက်တွင် နေပြည်တော်၌ ပြုလုပ်သော စတုတ္ထအကြိမ် အစည်းအဝေးတွင် သဘောတူခဲ့ကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။

နိုင်ငံတော်အကြီးအကဲတာဝန် လွှဲပြောင်းမှု စနစ်တကျ ရှိစေရေးနှင့် ဝန်ကြီးဌာန များလွှဲပြောင်းမှု ချောမွေ့အဆင်ပြေရေး အတွက် ယနေ့ပြုလုပ်ခဲ့သော အစည်းအဝေးတွင် သမ္မတအိမ်တော်၌ ကျင်းပမည့် နိုင်ငံတော်အကြီးအကဲ တာဝန်လွှဲပြောင်းသည့် အခမ်းအနား၊ အမျိုးသားအဆင့် အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှု မဟာဗျူဟာ မူဘောင်ဖြစ်ပေါ် လာရေး ဆောင်ရွက်ချက်များနှင့် လုပ်ငန်းစဉ်များ၊ ပြည်ထောင်စု ဝန်ကြီးဌာနများ ပေါ်ပေါက် လာချိန်တွင် အမြဲတမ်း အတွင်းဝန်များက ရှင်းလင်း တင်ပြမည့် အစီအစဉ်များ အား ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။

ယနေ့တွင် ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့သည် ဒုတိယ သမ္မတအဖြစ် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထင်ကျော် အား လည်းကောင်း၊ ရွေးကောက်ခံ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့ သည် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၃) မှ ဦးဟင်နရီဗန်ထီးယူ အား လည်းကောင်း ရွေးချယ် တင်မြှောက်ခဲ့ပြီး တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့မှ ဒုတိယသမ္မတအဖြစ် လက်ရှိ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်လျက် ရှိသော ဦးမြင့်ဆွေအား ရွေးချယ် တင်မြှောက်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.