Connect with us

Politics, Law & Military

မြိတ်မြို့တွင် ဘဏ်သို့ငွေလာရောက်လွှဲသူထံမှ တစ်သောင်းတန်ငွေစက္ကူအတု အရွက် ၅၀ သိမ်းဆည်း

မောင်တော၌ သိမ်းဆည်ရမိသော တစ်သောင်းတန်အတုအားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ)

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ဧရာဝတီဘဏ်(၁)သို့ လာရောက်ငွေလွှဲသူထံမှ တစ်သောင်းကျပ်တန်ငွေစက္ကူအတု၅၀ရွက် သိမ်းဆည်းရမိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သောသတင်းအရ သိရသည်။

မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု၊ ရှမ်းချောင်းရပ်ကွက်နေသူ ဦးစောဝင်းနိုင်(၆၃)နှစ် (ဥယာဉ်ခြံ လုပ်ကိုင်သူ)သည် ဒီဇင်ဘာ၁၈ရက် နံနက်၁၁နာရီခွဲက ဧရာဝတီဘဏ်(၁)မြိတ်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်သာယာမြို့နယ်နေ၊ ဦးမင်းမင်းဇော် (ကားပွဲစားနှင့် အငှားယာဉ်မောင်းသူ)၏ ဘဏ်အကောင့်အတွင်းသို့ ငွေကျပ်ဆယ်သိန်းလာရောက် လွှဲပို့ရာ အဆိုပါငွေများထဲမှ ကျပ်တစ်သောင်းတန်ငွေစက္ကူ၅၀ရွက်သည် ငွေစက္ကူအတုများဖြစ်ကြောင်း ဘဏ်ဝန်ထမ်းများက စီစစ်တွေ့ရှိခဲ့သဖြင့် ဘဏ်မန်နေဂျာမှ မြိတ်မြို့နယ်ရဲစခန်းသို့ ဆက်သွယ်အကြောင်းကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ငွေစက္ကူအတုများ လာရောက်ငွေလွှဲပို့သူ ဦးစောဝင်းနိုအား မြိတ်မြို့မရဲစခန်းက (ပ)၂၀၂၂/ ၂၀၁၈၊ မြန်မာနိုင်ငံဗဟိုဘဏ်ဥပဒေပုဒ်မ-၁၀၅/ ၁၀၆ ဖြင့် အမှုဖွင့်အရေး ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.