Connect with us

Politics, Law & Military

မြစ်သားမြို့နယ်၌ ယာဉ်တိုက်မှုကြောင့် ၄ ဦးသေ၊ ၂ ဦး ဒဏ်ရာရ

ယာဉ်တိုက်မှုဖြစ်ပွားသော ယာဉ်အားတွေ့ရစဉ်(ပြည်ထဲရေး)

ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင်(၃၈၉/၁-၂)ကြား ဒီဇင်ဘာ ၂၄ ရက်က ယာဉ်တိုက်မှုကြောင့် ၄ဦးသေပြီး ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသော 5I/xxxx Hiace (တောင်ကြီးမြို့ ထွန်းဆေးရုံမှ လူနာတင်ယာဉ်) ယာဉ်သည် ဝဲနောက်ဘီးပေါက်ကာ ယာဘက်ဘေး ကားလမ်းပေါ်၌စက်ပျက်၍ ရပ်ထားသော ယာဉ်အား နောက်မှ ဝင်ရောက်တိုက်မိခဲ့သဖြင့် လူနာတင်ယာဉ်ပေါ်ပါ လေးဦးသည် အခင်းဖြစ်ပွားရာ နေရာ၌ပင် သေဆုံးခဲ့ကြောင်း၊ ကျန် နှစ်ဦးသည် ဖူးရောင် ပေါက်ပြဲဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့၍ ကျောက်ဆည်/မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်းသက်တင်စိုး(သေဆုံး) နှင့် ကိုဇော်(ဖမ်းမိ)တို့အား မြစ်သားမြို့မရဲစခန်း ယာဉ် (ပ) ၅၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈ (ပေါ့လျော့မှုကြောင့် လူသေမှု/ ပြင်းထန်နာကျင်စေမှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိ ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.